6.1
8,231
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.4 GB

Credit

200

PAW Patrol: The Movie (2021)

Animation, Action, Adventure

Credits 200

ဒီတစ်ခေါက်ကတော့ Animated Movie ချစ်သူများရဲ့အလှည့်ပေါ့နော်။ Paw Patrol ဆိုတဲ့ ရုပ်ရှင်ထဲကချစ်စရာခွေးဇာတ်ကောင်လေး ၆ကောင်ကတော့ ၂၀၁၃ကတည်းက Netflixကထုတ်လွှင့်တဲ့ animated series တွေလည်းထွက်ပြီးသား၊ Game Character တွေလည်းရှိပြီးသားဆိုတော့ပရိတ်သက်တွေနဲ့ရင်းနှီးပြီးသားဖြစ်မှာပါ။ ဒါပေမယ့် ၂၀၁၂၊ ဩဂုတ်လ ၂၀ရက်နေ့မှာအသစ်ထွက်ရှိထားတဲ့ Paw Patrol ဇာတ်ကားထဲမှာတော့ ဇာတ်ကောင်အသစ်လေးပါ၀◌င်ခဲ့ပါတယ်။ အားလုံးသိပြီးတဲ့အတိုင်း ရိုက်ဒါဆိုတဲ့ကောင်လေးဦးဆောင်တဲ့ ခွေးလေး၆ကောင်ပါ၀◌င်တဲ့သူရဲကောင်းအဖွဲ့ဟာ ဘယ်အချိန်ဘယ်နေရာမှာ ဘယ်သူပဲဖြစ်ဖြစ်ဒုက္ခရောက်နေပါစေ ချက်ချင်းရောက်လာပြီး အများအကျိုးဆောင်ကယ်တင်ပေးတဲ့ ချစ်စရာဇာတ်ကောင်လေးတွေဖြစ်ပါတယ်။ အဗန်ချာစီးတီးဆိုတဲ့မြို့လေးမှာ မြို့တော၀◌န်အသစ်တက်တဲ့နေ့ကစပြီး ဒုက္ခပေါင်းသောင်းခြောက်ထောင်နဲ့ ဘရုတ်သုတ်ခတွေသာဖြစ်ပျက်နေပြီး မြို့နေပြည်သူတွေရဲ့အသက်အန္တရာယ်အထိပါရင်ဆိုင်လာခဲ့ရပါတယ်။ ဒါကြောင့် ဒီတစ်ခေါက်ဇာတ်ကားရဲ့ဇာတ်ကောင်ဖြစ်တဲ့ ခွေးမလေးလစ်ဘာတီဟာ Paw Patrol အဖွဲ့ကို အဗန်ချာစီးတီးကိုကယ်တင်ဖို့အကူအညီတောင်းခဲ့ပါတယ်။ ဒုက္ခဖြစ်ရာနေရာမှာ Paw Patrol ရှိတယ်ဆိုတဲ့အတိုင်း အဗန်ချာစီးတီးကိုလာရောက်ကယ်တင်တဲ့ Paw Patrol ရဲ့စွန့်စားခန်းတွေကိုဒီတစ်ခေါက်မှာ မြူးမြူးကြွကြွလေးနဲ့ ဟာသလေးနှောပြီးချစ်စဖွယ်ဇာတ်ကောင်လေးတွေကိုကြည့်ရှုရမှာပါ။ ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ပါ။