ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့
Drama, History အမျိုးအစား ကိုးရီးယားနန်းတွင်းကားလေးဖြစ်ပြီး
ကိုးရီးယားသမိုင်းမှာ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့အဖြစ်အပျက်တစ်ခုကို
မှီငြမ်းရိုက်ကူးထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ ဘုရင်ယောင်းဂျိုဟာ မင်းကောင်းမင်းမြတ်တစ်ပါး
ဖြစ်ချင်တဲ့အတွက် သူနန်းတတ်နေစဉ်ကာလမှာ တိုင်းပြည်အတွက် အစွမ်းကုန်
လုပ်ဆောင်ပေးခဲ့ပါတယ်။ သားတော်အပေါ်မှာလည်း ရည်မှန်းချက်ကြီးမားပြီး
ငယ်ငယ်လေးကတည်းက စာပေလေ့လာခိုင်းကာ ဘုရင်တစ်ပါးလို
ပြုစုပျိုးထောင်ပေးခဲ့ပါတယ်။ ဒါပေမဲ့ သားတော်လေး အရွယ်ရောက်လာတဲ့အချိန်မှာ
စာပေလေ့လာတာထက် ဓားရေးလှံရေးကို ပိုပြီးစိတ်အားထက်သန်တယ်ဆိုတာကို
သိလိုက်ရတော့ သားတော်အပေါ်မှာထားတဲ့ ဘုရင်ယောင်းဂျိုရဲ့စိတ်သဘောထားတွေ
ပြောင်းလဲလာပါတော့တယ်။
ဒီလိုနဲ့ တစ်ညမှာတော့ နန်းတော်ထဲမှာ ပုန်ကန်မှုဖြစ်ခဲ့ပြီး
အိမ်ရှေ့စံကိုစွပ်စွဲလာကြပါတယ်။ ဒီဇာတ်ကားလေးမှာ ဘုရင်ယောင်းဂျိုနဲ့
အိမ်ရှေ့စံတို့ကြားက သဘောထားကွဲလွဲမှုတွေ၊ မိဘနဲ့သားသမီးကြားက ချစ်ခြင်းမေတ္တာတွေနဲ့
ထီးနန်းကြောင့် သားအရင်းကို တိုင်းပြည်ပုန်ကန်သူအဖြစ် သတ်မှတ်လိုက်တဲ့ဘုရင်တစ်ပါးရဲ့
ရက်စက်မှုတွေကို ကြည့်ရှုခံစားရမှာပါ။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးတာကတော့ MCEC ဖြစ်ပါတယ်