8.0
821,016
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.3 GB

Credit

200

The Imitation Game (2014)

Biography, Drama, Thriller

Credits 200

App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Imitation Game လေးကိုတင်ပေးလိုက်ပါတယ်။ ကမ္ဘာနဲ့ချီပြီးဖြစ်ပျက်ခဲ့တဲ့ကမ္ဘာစစ်တွေထဲကနာမည်အကြီးဆုံးစစ်ပွဲတွေထဲမှာဗြိတိသျှနဲ့ဂျာမန်တို့ရဲ့စစ်ပွဲတွေကလဲအပါအဝင်ဖြစ်ပါတယ်။ဒီဇာတ်ကားကတော့တခြားစစ်ကားတွေလိုရှေ့တန်းတက်တိုက်ခိုက်ရတဲ့အတွေ့အကြုံတွေအကြောင်းရိုက်ကူးထားတဲ့စစ်ကားမျိုးမဟုတ်ဘဲ နောက်တန်းကနေကိုယ့်နိုင်ငံအတွက်အရမ်းအရေးကြီးတဲ့တာဝန်တွေကိုထမ်းဆောင်နေရတဲ့လူတွေအကြောင်းကိုပြန်လည်ပုံဖော်ရိုက်ကူးပြသထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကတော့ Doctor Strange သရုပ်ဆောင် Benedict Cumberbatch အဓိကပါဝင်သရုပ်ဆောင်ထားပြီး IMDb Rating 8 အထိပါရရှိထားတဲ့ The Imitation Game ဆိုတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။အလန်ကျူးရင်းလို့ခေါ်တဲ့တက္ကသိုလ်ပါမောက္ခတစ်ယောက်ကအသက်ငယ်ငယ်ရွယ်ရွယ်နဲ့ထူးချွန်လွန်းတဲ့အတွက်ပါမောက္ခတစ်ယောက်ဖြစ်နေတဲ့အပြင် ဗြိတိန်နိုင်ငံရဲ့ဉာဏ်ရည်အကောင်းဆုံးလူတွေရဲ့စာရင်းထဲမှာတောင်ပါဝင်နေပါတယ်။ဒီလိုနဲ့ဒုတိယကမ္ဘာစစ်ကြီးဖြစ်လာတဲ့အချိန်မှာတိုင်းပြည်အတွက်တာဝန်ထမ်းဆောင်ပေးဖို့အတွက်သွားရောက်လျှောက်ထားခဲ့ပါတော့တယ်။ဒီလိုဉာဏ်ကြီးရှင်တစ်ယောက်အတွက်နေရာတစ်နေရာရဖို့ကမခက်ခဲတဲ့အတွက်ချက်ချင်းပဲရသွားခဲ့ပြီး သူ့တာဝန်ကတော့ဂျာမန်တွေဖက်ကစကားဝှက်တွေနဲ့ပို့နေတဲ့မက်ဆေ့ချ်တွေကိုစကားဝှက်ဖြည်ပေးရမှာပဲဖြစ်ပါတယ်။အဲ့ဒီတာဝန်ကလွယ်မယ်ထင်ရပေမဲ့တကယ်တမ်းမှာတော့သူ့လိုလူအတွက်တောင်အရမ်းခက်ခဲပြီး အောင်မြင်သွားရင်စစ်ပွဲကိုပါအနိုင်ယူနိုင်မှာဖြစ်တဲ့အတွက်အလန်နဲ့တခြားသောသူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေအတူတူ သူတို့ဘ၀ရဲ့အခက်ခဲဆုံးပုစ္ဆာကိုအဖြေရှာဖော်ထုတ်ကြပုံတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်