5.3
2,287
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.4 GB

Credit

500

Lafangey Parindey (2010)

Action, Drama, Music

Credits 500

လက်ဝှေ့ကွင်းထဲမှာ ပြိုင်ဘက်ကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်တဲ့နာမည်ကြီးလက်ဝှေ့သမား နန်ဒူ။ ပတ်ဝန်းကျင်နဲ့ မိသားစုအတွင်းက လူတွေက က်ိုယ်ကိုတိုင်် အောင်မြင်ဖို့ မကြိုးစားသလို သူတစ်ပါးအောင်မြင်တာကိုပါ မလိုလားဘဲ ဆွဲချချင်တဲ့ ရပ်ဝန်းကနေ ရုန်းထွက်ဖို့အတွက် ကြိုးစားရင်း ကိုယ်ရူးသွပ်တဲ့ စကိတ်စီးအကကို အသုံးချပြီး "ဒီအကသည်သာ သူ့အတွက် ဒီရပ်ဝန်းကထွက်ပြေးနိုင်မယ့် ပတ်စ်ပို့" လို့ ယုံကြည်ကာ ကြိုးစားနေတဲ့ ပင်ကီဆိုတဲ့ ကောင်မလေး။ တစ်နေ့မှာ တစ်ချက်ထိုးနန်ဒူတစ်ယောက် မကောင်းမှုလုပ်တဲ့ လူကို ကူညီရင်း မိုးရွာထဲမှာ ပင်ကီဆိုတဲ့ကောင်မလေးတစ်ယောက်ကို ကားနဲ့ဝင်တိုက်မိခဲ့ပါတယ်။ ပင်ကီတစ်ယောက် ကားမတော်တဆမှုကတစ်ဆင့် မျက်စိကွယ်ကာ သူ့ရည်မှန်းချက်တွေ ပျောက်ဆုံးခဲ့ပြီး အလုပ်က အထုတ်ခံခဲ့ရတဲ့အခါမှာ နန်ဒူက သူ့အမှားအတွက် ဘယ်လိုမျိုး ပြင်ဆင်ပြီး ပင်ကီကို ဘယ်လိုမျိုး ကူညီလမ်းပြပေးမလဲ ။ အမှောင်ထုထဲ ကျရောက်သွားတဲ့လူတစ်ယောက်အတွက် ဘယ်စကားတွေက ခွန်အား‌ဖြစ်စေမလဲဆိုတာကို ကြည့်ရှူခံစားရမယ့်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်။ ဤဇာတ်ကားကိုအညွှန်းရေးပေးပြီး ဘာသာပြန်ပေးသူမှာ Wint Yeeဖြစ်ပါတယ်။