7.3
5,776
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

71: Into the Fire (2010)

Action, Drama, War

Credits 200

ဒီနေ့မှာ M Sub ပရိတ်သတ်တွေကိုမိတ်ဆကိပေးချင်တဲ့ဇာတ်ကားလေးကတော့ ဖြစ်ရပ်မှန်ဇာတ်လမ်းပေါ်အခြေခံပြီးရိုက်ကူးထားတဲ့ Into The Fire ဆိုတဲ့ ကိုရီးယားဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ဒီဇာတ်လမ်းထဲတွင် မင်းသားချော Kwon Sang Wooနဲ့ Big Bang အဖွဲ့ ဝင် Choi Seung Hyun (T.O.P) တို့မှအဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့တွင် ကိုရီးယားနိုင်ငံဟာသူ့ကျွန်ဘဝမှလွတ်မြောက်ပြီး လွတ်လပ်ရေးရခဲ့ပါတယ်။ ဒါပေမယ့် တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားရဲ့ အယူအဆခံယူချက်တွေက မတူခဲ့လို့မပေါင်းစည်းနိုင်ခဲ့ပါဘူး။ ၁၉၅၀ ဇွန်လ ၂၅ ရက်နေ့တွင် မြောက်ကိုရီးယားတို့ရဲ့ ရုတ်တရက်တိုက်ခိုက်မှုကြောင့် တောင်-မြောက်စစ်ပွဲကြီး စတင်ခဲ့ပါတယ်။ ထိုတိုက်ပွဲမှာ မြောက်ကိုရီးယားဘက်မှ အစစအရာရာသာလွန်ခဲ့ပြီး နက်ဒုန်မြစ်နယ်မြေနားအထိ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ပိုဟန်​ေကျာင်းဆီလာနိုင်တဲ့တံတားကို ဖျက်စီးခဲ့တာကြောင့် မြောက်ပိုင်းတပ်တွေမဖြတ်နိုင်လောက်ဘူးလို့တွေးခဲ့ကြပြီ သူတို့လာနိုင်လောက်တဲ့ နက်ဒုန်မြစ်စီကို အကုန်ချီတပ်ခဲ့ကြပါတယ်။ အချက်အချာကျတဲ့ပိုဟန်ကျောင်းဌာနချုပ်ကိုတော့ ကျောင်းသားစစ်သား ၇၁ ကိုစောင့်ရှောက်ခိုင်းခဲ့ပါတယ်။ ဒီလိုနဲ့မြောက်ပိုင်းတပ်တွေ ပိုဟန်ကိုသိမ်းပိုက်ချိန်မှာ ကျောင်းသားစစ်သား ၇၁ယောက်က ဘယ်လိုပြန်ခုခံမယ်ဆိုတာကို စိတ်လှုပ်ရှားစွာကြည့်ရှုဖို့တိုက်တွန်းလိုက်ရပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Nyi Nyi ဖြစ်ပါတယ်