7.6
252,917
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.3 GB

Credit

200

Train to Busan (2016)

Action, Horror, Thriller

Credits 200

ဒီတစ်ခါတော့ ဘူဆန်ရထားကြီး စီးချင်သူများစီးလိုက်ကြပါဦးနော် ။ Train To Busan ဇာတ်ကားဟာ ကိုရီးယားရဲ့ရုပ်ရှင်အတန်းဘယ်လောက်ထိမြင့်မားနေပြီလဲဆိုတာ မီးမောင်းထိုးပြလိုက်တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ။တစ်ကမ္ဘာလုံးမှာ ရုံတင်ပြသခဲ့ပြီး ကြီးမားတဲ့အောင်မြင်မှုတွေကိုရရှိခဲ့ပါတယ်။ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေကလည်း ကျွန်တော်တို့အမြင်မှာရင်နှီးပြီးသားဖြစ်သလို တစ်ချိန်က မြန်မာပြည် ကိုရီးယားရုပ်ရှင်လောကမှာ ကော်ဖီချစ်သူ ဇာတ်ကားနဲ့အောင်မြင်ကျော်ကြားလူကြိုက်များခဲ့တဲ့ ဝါရင့်မင်းသား Gong Yoo က ခေါင်းဆောင်မင်းသားနေရာကနေတာဝန်ယူ သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းထဲမှာ မင်းသားက မိန်းမနဲ့ကွဲနေပြီး သမီးလေးနဲ့အတူ ဆိုးလ်မှာနေထိုင်ပါတယ်။ အလုပ်တွေအရမ်းလုပ်ပြီး သမီးလေးကိုအချိန်မပေးနိုင်တဲ့ဖခင်တစ်ယောက်အနေနဲ့ သမီးလေးရဲ့မွေးနေ့မှာ ဇနီးဟောင်းနေထိုင်တဲ့ ဘူဆန်ကို သမီးလေးကို ခေါ်ကာ KTX ရထားနဲ့ထွက်လာခဲ့ပါတယ်။ ရောဂါပိုးကူးဆက်ခံနေရတဲ့ အမျိုးသမီးတစ်ယောက်ဟာ ရထားမထွက်မီ စက္ကန့်ပိုင်းအလိုမှာ ရထားပေါ်ခုန်တက်လိုက်ပါလာရကနေ စပြီး ရထားတစ်စင်းလုံး ပြောင်းဆန်သွားပုံကိုမြန်မာစတန်းထိုးပြီးတင်ဆက်ပေးလိုက်ပါတယ် ။