6.6
1,848
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.1 GB

Credit

100

Mobile Suit Gundam: Hathaway (2021)

Animation, Action, Drama

Credits 100

U.C. 0105 ခုနှစ် ဒုတိယ Neo Zeon စစ်ပွဲ (Char ၏ပုန်ကန်မှု) အပြီးတွင် (၁၂) နှစ်အကြာ။ လူသားမျိုးနွယ်နဲ့ Universal Century ရဲ့အနာဂတ်ကို မီးမောင်းထိုးပြလိုက်တဲ့ “Axis Shock” အဖြစ်အပျက် ဖြစ်ပြီးနောက်မှာတောင် ပဋိပက္ခတွေဟာ ဆက်လက်ဖြစ်ပွားလျက်ရှိနေပါတယ်။ Earth Federation အစိုးရကလည်း ယခင်ကထက်ပိုမိုအကျင့်ပျက်ခြစားမှုတွေ များပြားလာခဲ့ပါတယ်။ Earth Federation အစိုးရဟာ ကမ္ဘာမြေကို အလွန်အမင်းညစ်ညမ်းစေရုံတင်မကဘဲ အရပ်သားတွေကို အာကာသထဲ အတင်းအကြပ်နှင်ထုတ်တဲ့ လူမဆန်တဲ့ “Man Hunting” မူဝါဒကိုပါကျင့်သုံးနေခဲ့ပါတယ်။Mafty Navue Erin လိုခေါ်တဲ့လူတစ်ယောက် ဦးဆောင်တဲ့ Earth Federation အစိုးရဆန့်ကျင်ရေးအဖွဲ Mafty ဟာ အဂတိလိုက်စားမှုတွေကို ဆန့်ကျင်ခဲ့ပါတယ်။ Mafty ဟာ Federation အစိုးရအရာရှိတွေကို တစ်ယောက်ပြီးတစ်ယောက် လုပ်ကြံသတ်ဖြတ်ပစ်ပြီး အကြမ်းဖက်လုပ်ရက်တွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း Mafty ဟာ Federation အစိုးရကိုအလိုမရှိတဲ့ လူထုရဲ့ထောက်ခံမှုကို ရရှိလာခဲ့ပါတယ်။Mafty ဆိုတဲ့အဖွဲအစည်းကိုဦးဆောင်တဲ့ Mafty Navue Erin ဟာ တခြားလူမဟုတ်ဘဲ Bright Noa ရဲ့သား၊ Hathaway Noa ဖြစ်ပြီး Hathaway ဟာ One Year War မှာလည်း ပါဝင်ခဲ့ဖူးတစ်ယောက်ပါ။ Hathaway ဟာ သူကိုယ်တိုင် Char ရဲ့ပုန်ကန်မှုကို တားဆီးဖိုကြိုးစားခဲ့ပြီး Amuro Ray နှင့် Char Aznable တိုရဲ့အတွေးအခေါ်အယူအဆတွေကိုလက်ကိုင်ထားရှိတဲ့သူတစ်ယောက်ဖြစ်ပါတယ်။ Hathaway ဟာ Amuro နဲ့ Char တိုရဲ့ခြေရာကိုနင်းပြီး စစ်သူရဲတစ်ယောက်ဖြစ်လာခဲ့ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးမှတစ်ဆင့် အနာဂတ်လမ်းကိုဖောက်ဖိုရာ စီစဉ်လျက်ရှိနေပါတယ်။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Amanda James ဖြစ်ပါတယ်