7.4
565,764
...

Video Quality

Blu-Ray 4K SDR

Audio Quality

DTS HDMA 7.1

File Size

10 GB

Credit

800

The Hobbit: The Battle of the Five Armies (2014)

Adventure, Fantasy

Credits 800

နတ်သူငယ်တွေ လူပုတွေ မှော်ဆရာတွေ ဘီလူးတွေပါဝင်တဲ့ Lord Of The Rings လိုစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ Hobbit ကလဲအကောင်းဆုံးရုပ်ရှင်တွေထဲမှာပါပါတယ်ပြီးတော့အဲ့ဒီရုပ်ရှင်နှစ်ခုကလဲစစချင်းတုန်းမှာသိပ်မဆက်နွယ်ပေမဲ့နောက်ပိုင်းမှာဆက်နွယ်လာကြပါတယ်။အခုတင်ဆက်ပေးမဲ့ကားလေးကလဲ Hobbit ရဲ့သုံးကားမြောက်ဖြစ်တဲ့ The Hobbit: The Battle of the Five Armies ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့အယ်ရီဘော်လို့ခေါ်တဲ့ရွှေတွေအကန့်အသတ်မရှိတည်ရှိနေတဲ့တောင်ကြီးမှာစမောက်လို့ခေါ်တဲ့နဂါးကြီးကကြီးစိုးနေပါတယ်။အဲ့ဒီနဂါးကြီးကိုလူပုတွေကပိုင်ဆိုင်ခဲ့တာဖြစ်ပြီးနဂါးကြီးလက်ထဲကပြန်လည်သိမ်းယူဖို့ကြိုးစားခဲ့ပါတယ်။ဒီလိုနဲ့ရေကန်မြို့နေလူသားတစ်ယောက်ဖြစ်တဲ့ဘာ့ဒ်ကနဂါးကြီးကိုနှိမ်နှင်းပြီးတဲ့နောက်မှာလူပုတွေကလဲတောင်ကြီးမှာပြန်စိုးစံနေကြပါတော့တယ်။ ဒါပေမယ့်အဲ့ဒီတောင်ကလူပုတွေရဲ့ခေါင်းဆောင်ဖြစ်တဲ့သော်ရင်းကသူတို့ကိုဆုလာဘ်ပေးမယ်လို့ကတိပေးခဲ့ပြီးမှရွှေငွေစည်းစိမ်တွေကြောင့်ယစ်မူးသွားပြီးကတိဖျက်ခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာနတ်သူငယ်ဘုရင်ကလဲအဲ့ဒီရတနာတွေထဲမှသူပိုင်ဆိုင်တဲ့ရတနာတွေကိုပြန်ယူဖို့လာခဲ့ပါတော့တယ်။ဒီလိုနဲ့စစ်တွေဖြစ်ကုန်ကြပြီးတခြားအဲ့ဒီရတနာတွေကိုလိုချင်နေပေမဲ့နဂါးရှိနေလို့မလာရဲတဲ့စစ်တပ်တွေကပါလာကြပါတော့တယ်။ဒီလိုနဲ့စစ်တပ်ငါးခုဆုံမိသွားကြပြီးတော့တောင်ကြီးကိုနောက်ဆုံးမှာဘယ်သူကသိမ်းပိုက်နိုင်သွားမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Eazy ဖြစ်ပါတယ်