5.7
3,288
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.9 GB

Credit

200

Death Note: Light Up the New World (2016)

Crime, Drama, Horror

Credits 200

Death Noteဆိုရင်တော့မသိသူမရှိပါဘူး။သေမင်းရဲ့စာအုပ်ထဲမှာကိုယ်သတ်ချင်တဲ့သူရဲ့နာမည်နဲ့သေရတဲ့အကြောင်းအရင်းကိုရေးလိုက်ရုံနဲ့ထိုသူရုတ်တရတ်သေဆုံးသွားရတဲ့စာအုပ်လေးကိုအခြေခံထားတဲ့ဇာတ်ကားလေးပါ။ယခင်ထွက်ခဲ့ပြီးတဲ့ကားတွေရဲ့နောက်ဆယ်နှစ်ကိုအစပြုပြီးဒီကားလေးကိုဇာတ်အိမ်ဖွဲ့ထားတာပါ။ လူ့လောကကိုအနောက်ထပ်Death note၆အုပ်ပို့ပြီးတော့Shinigami ကကီရာရဲ့စာအုပ်ကိုကိုင်ဆိုင်သူကိုရှာဖို့အမိန့်ပေးခဲ့ပါတယ်။၂၀၁၆ခုနှစ်လူ့လောကမှာဆိုင်ဘာတိုက်ခိုက်မှုတွေကြီးစိုးနေချိန်မှာပဲကမ္ဘာတဝန်းမှာကီရာအသစ်ပေါ်ထွက်လာတယ်ဆိုတဲ့ကောလဟာလတွေနဲ့အတူလူသတ်မှုတွေဆက်တိုက်ဖြစ်လာခဲ့ပါတယ်။ လူသတ်မှုတွေကိုခြေရာခံရင်းDeath Note Task Forceဆိုတဲ့ဆုကုရာမိရှိမာဦးဆောင်တဲ့အဖွဲ့ထွက်ပေါ်လာပါတယ်။အဲဒီအဖွဲ့ကိုအယ်လ်(L)ရဲ့အမွေဆက်ခံသူယုဇာကီကထောက်ပံပေးထားတာပါ။အဖွဲ့ဟာလူသတ်မှုတွေကိုလိုက်လံစုံစမ်းရင်းဆာကုရာအိုင်ဆိုသူပိုင်ဆိုင်တဲ့Death Noteစာအုပ်တခုကိုရရှိခဲ့ပါတယ်။ အဲဒီစာအုပ်ပိုင်ရှင်ကိုနောက်ထပ်DeathNoteyပိုင်ရှင်တဦးဖြစ်တဲ့ဆိုင်ဘာအကြမ်းဖက်သမားယုကီရှိန်းကသတ်ခဲ့တာပါ။ယုဇာကီနဲ့အဖွဲ့ဟာသူတို့ရရှိခဲ့တဲ့စာအုပ်ကိုပိုင်ဆိုင်သူသေမင်းဘီပိုကိုစစ်မေးတဲ့အခါမှာတော့လူ့လောကမှာDeathNoteစာအုပ်၆အုပ်ရှိကြောင်းသိခဲ့ရတာပါ။ ရှိန်းကလည်းတဖက်မှာမီဆာအာမန်နဲ့ဆက်သွယ်ပြီးသူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်ဖော်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာဆိုင်ဘာတိုက်ခိုက်မှုတွေနဲ့ပဲရှိန်းတယောက်ဘယ်လိုတွေလုပ်သွားမလဲ။ယုဇာကီနဲ့အဖွဲ့ကရောဘယ်လိုတွေရင်ဆိုင်သွားမလဲဆိုတာကြည့်လိုက်ရအောင်ဗျာ။