6.8
413,784
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

4.8 GB

Credit

500

The Fast and the Furious (2001)

Action, Crime, Thriller

Credits 500

Paul Walker နဲ့ Matt Schulze တို့ဟာ ဈေးဆိုင်အပြင်ဘက်မှာ တိုက်ကြခိုက်ကြတဲ့ အခန်းအတွက် သေသေချာချာ သိုင်းကွက်တွေ တိုက်ကွက်တွေ လေ့ကျင့်ခဲ့ကြပေမဲ့ တကယ်တမ်း ရိုက်ကွင်းကျတော့ သဘာဝမကျဘူးလို့ ခံစားခဲ့ရတဲ့အတွက် နောက်ဆုံးတော့ အဆင်ပြေသလိုပဲ ချခဲ့ကြပါတယ်။ Vin Diesel က စတန့်သမားတစ်ယောက်ရဲ့ နှာခေါင်းကို မတော်တဆ ကျိုးအောင်လုပ်မိခဲ့ပါတယ်။ ရုပ်ရှင် production မစခင်အချိန်အထိ Michelle Rodriguez ရော Jordana Brewster ပါ ယာဉ်မောင်းလိုင်စင်မပြောနဲ့ သင်မောင်းလိုင်စင်တောင် မရှိကြသေးပါဘူး။ Brian O’Connor နေရာမှာ သရုပ်ဆောင်စေဖို့အတွက် Paul Walker ကိုမရွေးခင် Mark Wahlberg, Christian Bale အပြင် Eminem ကိုပါ ရွေးဖို့ စဉ်းစားခဲ့ကြပါသေးတယ်။ Mia နေရာအတွက်လည်း Natalie Portman, Sarah Michelle Gellar, Kristen Dunst, Jessica Biel တို့ ပါဝင်အရွေးခံခဲ့ကြပါတယ်။ Race Wars ဇာတ်ဝင်ခန်းမှာ ကားအစီးရေ 1500 ကျော် ပါပါတယ်။ ပထမဆုံး ကားပြိုင်တဲ့ ဇာတ်ဝင်ခန်းအတွက် sound effect ပေါင်း 15,000 ကို သုံးထားတယ်။ ရုပ်ရှင်မှာ အသုံးပြုဖို့တွက် 1955 ခုနစ်မှာထွက်ခဲ့တဲ့ The Fast and the Furious ရုပ်ရှင်ရဲ့နာမည် မူပိုင်ခွင့်ကို ဝယ်ယူခဲ့ရပါတယ်။ အရင်ကားဟာလည်း ကားပြိုင်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပေမဲ့ ဇာတ်လမ်းပိုင်းတော့ မတူပါဘူး။ Vin Diesel ဟာ 2015 ခုနစ် မတ်လ မှာမွေးခဲ့တဲ့ သူ့ဒုတိယမြောက် သမီးကို Paulie လို့ နာမည်ပေးခဲ့ပါတယ်။ သူ့သူငယ်ချင်း Paul Walker ကို အစွဲပြုပြီးဖြစ်ပါတယ်။ ရုပ်ရှင်ဖန်တီးသူတွေဟာ ရိုက်ကွင်းဇာတ်ဝင်ခန်းမှာ ပါမဲ့ နောက်ခံက အိမ်တွေကို ပိုမှိန်တဲ့ အရောင်ဖျော့တဲ့ ဆေးတွေ ပြောင်းသုတ်ခိုင်းစေပြီး ပြိုင်ကားတွေရဲ့ အရောင်တောက်ပမှုကို ပိုမိုပေါ်လွင်အောင် လုပ်ခဲ့ကြပါတယ်။ 1998 ခုနစ်ထွက် Racer-X ဆိုတဲ့ ဆောင်းပါးကို အနည်းငယ်မှီငြမ်းထားတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ Credit Review