Oscar ၁ ခုရထားပြီး ဆုပေါင်း ၃၃ ဆုထားတဲ့ ဒီကားလေးမှာ ကျွန်တော်ကြိုက်တဲ့အချက်ကတော့ အရင်တာဇံကားတွေနဲ့မတူဘဲ တောတွင်းသားဘဝကို ပီပြင်အောင် ဖော်ပြထားတာရယ် ရိုးအီနေပြီဖြစ်တဲ့ ၁၅၀၀ အချစ်မပါတာရယ်ပါ
ကြာချိန် 1 hr 46 min ရှိတဲ့ ဒီကားလေးရဲ့အကျဉ်းချုပ်ကတော့
ဝံပုလွေအုပ်ကနေ မွေးစားထားတဲ့ မောဂလိဟာ ဝံပုလွေအုပ်နဲ့ သင့်မြတ်နေပေမဲ့ သူ့ကို ကိစ္စတစ်ခုကြောင့် အငြှိုးထားနေတဲ့ ကျားကြီးရှီးရာခမ်းပေါ်လာပါတယ်။ ဒီတော့ သူ့ကို ဝံပုလွေအုပ်ဆီ ခေါ်လာပေးခဲ့တဲ့ သစ်နက်ဘဂီးရာကပဲ လူသားရွာဆီပြန်ပို့ပေးဖို့ ဖြစ်လာပါတယ်။ ပြန်ပို့တဲ့လမ်းမှာ ကျားကြီးရှီးရာခမ်းရဲ့ နှောင့်ယှက်မှုကြောင့် မောဂလိတို့ ကွဲသွားပြီး တောနက်ကြီးထဲမှာ မြွေမကြီးခါရဲ့ခံတွင်းထဲ ရောက်ခါနီးကနေ ငပျင်းဝက်ဝံကြီးဘလူးက ကယ်ပေးလိုက်ပါတယ်။ ဒီလိုနဲ့ မောဂလိတစ်ယောက် မိတ်ဆွေ ၂ ဦးနဲ့အတူ ရှီးရာခမ်းရန်ကနေ ဘယ်လိုလွတ်အောင်လုပ်မလဲ ဆိုတာကိုတော့ ဇာတ်လမ်းလေးကြည့်ပြီး အဖြေရှာလိုက်ကြပါဗျာ
Imdb 7.4 out of 10 ဖြစ်တဲ့ အော်စကာဆုရဇာတ်ကားမလို့ ကြည့်ပြီးသားပြန်ကြည့်ရင်တောင် မရိုးရဘဲစိတ်လှုပ်ရှားရတာ အာမခံပါတယ်ဗျ
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ ALiz ဖြစ်ပါတယ်