4.7
1,777
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 5.1

File Size

4.5 GB

Credit

500

Blade of the 47 Ronin (2022)

Action, Drama, Fantasy

Credits 500

ဒီရုပ်ရှင်ကားလေးကတော့ 2022 က ထွက်ရှိထားတဲ့ သိုင်းလောကကို အခြေခံရိုက်ကူးထားတဲ့ အက်ရှင် အသားပေး ရုပ်ရှင်ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ ရှေးအစဉ်အလာနဲ့ မျိုးရိုးအဆက်ဆက်ထိန်းသိမ်း လာခဲ့တဲ့ စစ်သည်ဓား နဲ့ မှော်ဓား နှစ်ချောင်းကို ပေါင်းစည်းနိုင်ဖို့အတွက် နောက်ဆုံးမျိုးဆက်ကို လိုက်ရှာနေတဲ့ ဆာမူရိုင်း အဖွဲ့နဲ့ မကောင်းတဲ့ နည်းလမ်းနဲ့ ဓားတွေကို အသုံးချဖို့ လုပ်နေတဲ့ လူတွေရဲ့ ကြားက အားပြိုင်မှုတွေ။ နောက်ဆုံးမျိုးဆက်ကို ခြေရာခံရင်း အသက်အန္တရာယ်ကနေ ကာကွယ်နိုင်ပါ့မလား။ သစ္စာဖောက်တဲ့သူတွေနဲ့ မယုံကြည်နိုင်မှုတွေကြားမှာ ဘယ်သူတွေက နောက်ဆုံးထိ အတူရှိနေနိုင်မလဲ၊ နောက်ဆုံးမျိုးဆက် အစစ်အမှန်ကိုရော တွေ့နိုင်ပါ့မလား၊ ဓားနှစ်ချောင်းကိုရော ပြန်လည် ရှာဖွေပေါင်းစည်းနိုင်ပါ့မလား ဆိုတာတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ သိုင်းလောက အရှုပ်အထွေးတွေကြားထဲက တစ်ဦးကို တစ်ဦး ထားရှိတဲ့ ခင်မင်မှုနဲ့ သံယောဇဉ်တွေကို လေးလေးနက်နက်နဲ့ ရိုက်ကူးပုံဖော်ထားတဲ့ ရုပ်ရှင် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။