6.0
24,268
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

Chinese Zodiac (2012)

Action, Adventure, Comedy

Credits 200

နာမည်ကျော် အက်ရှင်မင်းသား ဂျက်ကီချန်းဟာ သူ့ရဲ့နောက်ဆုံး အက်ရှင်ဇာတ်ကား ဖြစ်တဲ့ Chinese Zodiac 2012 ဇာတ်ကားကို အရောင်းမြှင့်တင်ဖို့ အတွက် လာမယ့် ဒီဇင်ဘာလ ၁၈ရက်နေ့မှာ စင်ကာပူနိုင်ငံကို သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။ အသက် ၅၈နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ အက်ရှင်မင်းသား ဂျက်ကီချန်းဟာ အဆိုပါ ဇာတ်ကား အရောင်းမြှင့်တင်ရေး အတွက် အာရှနိုင်ငံတွေကို သီတင်းနှစ်ပတ်ကြာ သွားလာ လည်ပတ်နေတာ ဖြစ်ပြီး စင်ကာပူနိုင်ငံကို ရောက်ရှိချိန်မှာ အရောင်းမြှင့်တင်တဲ့ လှုပ်ရှားမှု တော်တော် များများ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ Chinese Zodiac 2012 ဇာတ်ကားဟာ တရုတ်ရိုးရာ ရုပ်ထုတွေကို ကမ္ဘာအနှံ့ စွန့်စွန့်စားစားလိုက်လံ ရှာဖွေတဲ့ မုဆိုး တစ်ယောက်အကြောင်းကို ရိုက်ကူးထားတာဖြစ်ပြီး လာမယ့် ဒီဇင်ဘာလ ၂၀ရက် နေစတင်ကာ စင်္ကာပူနိုင်ငံ အပါအဝင် အာရှတစ်လွှားက နိုင်ငံတွေမှာ ရုံတင်ပြသမှာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဂျက်ကီချန်း ကိုယ်တိုင် ဇာတ်ညွှန်းရေး၊ ရိုက်ကူး၊ ထုတ်လုပ်ထားတာ ဖြစ်ပြီး သူ့ရဲ့နောက်ဆုံး အက်ရှင်ဇာတ်ကား ဖြစ်တယ်လို့လည်း ဂျက်ကီချန်းက ပြောကြားခဲ့ပါတယ်။ ဒီဇာတ်ကားကို အမေရိကန် ဒေါ်လာ သန်း ၅၀ အကုန်အကျခံပြီး အချိန် ၈နှစ်ကြာအောင် စီစဉ်ရိုက် ကူးထားတယ်လို့လည်း သိရပါတယ်။