5.1
21,275
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

Universal Soldier: Day of Reckoning (2012)

Action, Horror, Mystery

Credits 200

2012 ခုနှစ်မှာ ထွက်ရှိထားခဲ့တဲ့ Universal Soldier 4 days of Reckoning ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားလေးဟာဆိုရင်တော့ action ဆန်ဆန် ပုံဖော် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးထဲမှာ ဆိုရင်တော့ ဂျွန် ဆိုတဲ့ အမျိုးသား တစ်ယောက်က မျက်စိရှေ့မှာတင် ဘာရန်ညိုးရန်စ မှ မရှိဘဲ မိန်းမ နဲ့ သမီးလေး ကို ရက်ရက်စက်စက် သတ်သွားတဲ့ သူ ကို ပြန်လည် ကလဲ့စားချေဖို့ ဘယ်လိုတွေ စုံစမ်း တိုက်ခိုက်မှာလဲ။ သူ့ကိုယ်သူ အတိတ်မေ့နေတယ်လို့ ထင်နေပေမယ့် သူတကယ် မသိတဲ့ အကြောင်းအရာတွေက ဘာတွေ ဖြစ်မလဲ ဆိုတာကို ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ တိုက်ခိုက်ခန်းတွေ က တကယ်ကြမ်းတာမို့ နှလုံးရောဂါ အခံ ရှိတဲ့ သူတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ကြည့်ဖို့တော့ မသင့်တော်ပါဘူး။ action အသားပေး ဇာတ်လမ်းတွေ ကြိုက်နှစ်သက်တဲ့ သူတွေ အတွက်တော့ လက်မလွတ် သင့်တဲ့ ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။