7.3
909,185
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

6.6 GB

Credit

500

Avengers: Age of Ultron (2015)

Action, Adventure, Sci-Fi

Credits 500

အားလုံးစောင့်မျှော်နေတဲ့ Avengers: Age of Ultron လာပါပြီဗျာ။ ထွက်ထွက်ချင်း တစ်ရက်ထဲနဲ့ကြည့်နိုင်အောင် ၃ ယောက်ပေါင်းပြီးကြိုးစားပေးပေမဲ့ ဇာတ်ကားရဲ့ သိပ္ပံအသုံးအနှုန်းတွေက ခက်တာရယ် သူတို့ပြောတဲ့ ရယ်စရာလေးတွေက အစ ရသမပျက်ရအောင် စကားလုံးတွေရွေးချယ်နေရတာရယ်ကြောင့် တစ်ရက်ထပ်ယူလိုက်ရပါတယ်ဗျာ။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဒီလိုပါ။ဒီဇာတ်ကားရဲ့အစကိုတော့ Winter Soilder ရဲ့အဆုံးကနေဆက်ထားပါတယ်။ Hydra အဖွဲ့ရဲ့လက်ထဲက Loki ရဲ့ တုတ်ကို ပြန်လည်တိုက်ခိုက်ပြီးယူလာတာကနေ စထားပါတယ်။ တိုနီစတာ့ခ်(Ironman) နဲ့ ဘရုစ်ဘန်နာ(Hulk)တို့ဟာ တောင်ဝှေးရဲ့အကူအညီနဲ့ ကိုယ်ပိုင်တွေးခေါ်နိုင်စွမ်းရှိတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု ပရိုဂရမ်(Ultron) ကိုတီထွင်လိုက်ပါတယ်။ ဒါပေမယ့် Ultron တကယ်နိုးထလာတဲ့အခါမှာ သူတို့မျှော်လင့်ထားတဲ့ အတိုင်းမဟုတ်ပဲ ကမ္ဘာကြီးရဲ့ အဆုံးသတ်အထိပါဖြစ်လာတဲ့အခါ သူတို့ ပြန်ပြီးရင်ဆိုင်ဖို့ကြိုးစားရပါတော့တယ်။ဒီဇာတ်ကားမှာ တိုးလာတဲ့ Avenger အသစ်တွေကိုလဲ တွေ့ရပါတော့မယ်။ ဇာတ်ကားကို ကောင်းကောင်းခံစားနိုင်အောင် အညွှန်းမှာ အများကြီးမရေးထားတော့ပါဘူး။ ဒါပေမယ် ဘယ်လောက်ပဲအများကြီးရေးပေးပေး ဘယ်လိုမှ မပြည့်စုံနိုင်တဲ့အချက်ကတော့ ဇာတ်လမ်းထဲက ပါးစပ်အဟောင်းသား ဖြစ်လောက်တဲ့တိုက်ခိုက်မှု scenesတွေပါပဲဗျာ။ ကောင်းကောင်းခံစားနိုင်ဖို့ရယ် ကောင်းကောင်းခံစားချင်တယ် ကောင်းကောင်းနားလည်ချင်တယ်ဆိုရင်တော့ ၃ ခေါက်လောက်တော့ ပြန်ကြည့်ကြပါလို့ပဲ ပရိသတ်ကြီးကို အကြံပေးလိုက်ပါတယ်ဗျာ။