ဒီဇာတ်ကားလေးကတော့ ၂၀၁၇ ခုနှစ်မှာထွက်ရှိခဲ့တဲ့ Happy Death Day ဆိုတဲ့ဇာတ်ကားရဲ့ Sequal Movie လေးဖြစ်ပါတယ်။ ပထမဇာတ်ကားမှာဆိုရင် Tree ဟာ Time loop ထဲကနေ ပြန်ထွက်သွားနိုင်ခဲ့ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ အဲ့ Time loop က သူ့သူငယ်ချင်းနောက်တစ်ယောက်ဆီကို ရောက်သွားပါတယ်။ အဲ့တစ်ယောက်ကိုကူညီပေးဖို့ကြိုးစားရင်းနဲ့Tree ဟာ Timeloop ထဲမှာ ထပ်ပြီးပိတ်မိသွားပြန်ပါတယ်။ ဒါပေမယ့်ဒီတစ်ခါမှာတော့ သူပိတ်မိသွားတဲ့ Time loop ကမတူတော့ပဲ အကုန်လုံးပြောင်းလဲသွားခဲ့ပါတယ်။ ဒီတစ်ခါTimeloop ထဲကနေ ပြန်ထွက်နိုင်အောင်ဘယ်လိုလုပ်မလဲ၊ လူသတ်သမားကကော ဘယ်သူလဲဆိုတာစိတ်ဝင်စားဖွယ် ကြည့်ရမှာဖြစ်ပါတယ်။ ဇာတ်လမ်းက ကိုယ့်ကိုအဆုံးထိဆွဲခေါ်သွားပြီးတော့ အရမ်းကိုကြည့်လို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ IMDb Ratingမှာ 6.6/10 ရရှိထားပြီးတော့ Rotten Tomatoမှာ 70% ရထားပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Kyaw Khant Linn ဖြစ်ပါတယ်