6.9
128,252
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.7 GB

Credit

200

Triangle (2009)

Fantasy, Mystery, Sci-Fi

Credits 200

ဒီတစ်ခေါက် ရုပ်ရှင်ဇာတ်ကားလေးကတော့ Horror/Thriller အမျိုးအစားလေးတွေကို ကြိုက်နှစ်သက်တဲ့ သူတွေ အကြိုက်တွေ့စေမယ့် 2009 ခုနှစ်ကထွက်ရှိထားခဲ့တဲ့ Triangle ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ သာမန်ကလေးတွေနဲ့ မတူတဲ့ သားလေးတစ်ယောက်နဲ့ ဘဝကို ကြိုးစားဖြတ်သန်းနေရတဲ့ ဂျက်စ် တစ်ယောက် တစ်နေ့မှာ သူငယ်ချင်းတွေနဲ့ ရွက်လှေစီးရင်း မုန်တိုင်းဒဏ်ကြောင့် ဒုက္ခရောက်နေချိန်မှာ ကယ်ဆယ်ရေး သင်္ဘောကြီးရောက်ရှိလာပြီး ပျော်ရွှင်နေရပေမယ့် အဲ့သင်္ဘောပေါ်မှာမှ ထူးဆန်းမှုတွေ ကြုံတွေ့လာရတဲ့အခါ ၊ ဂျက်စ် တစ်ယောက် သူကိုယ်တိုင်တောင် မသိပေမယ့် ဖြစ်ပျက်နေတဲ့အရာတွေကို ဘယ်လိုနားလည်ပြီး ဘယ်လိုကျော်ဖြတ်မလဲ ဖန်တစ်ရာလည်ပြီး ဝင်္ကပါလို မထွက်နိုင်တဲ့ သင်္ဘောကြီးပေါ်ကနေ သူ‌လွတ်မြောက်နိုင်ပါ့မလား၊ သူချစ်ရတဲ့ သူ့သားလေးနဲ့ရော ပြန်တွေ့နိုင်ပါ့မလား၊ အဆုံးသတ်ကရော ဘယ်လိုတွေ ဆုံးသတ်သွားမှာလဲ? တကယ်ရော အဆုံးသတ်နိုင်ပါ့မလား ဆိုတာ‌ကိုတော့ ဇာတ်ကားလေးထဲမှာပဲ တူတူကြည့်ရှူလိုက်ရအောင်။ တကယ်ကို စိတ်ဝင်တစားကို အဆုံးထိစီးမြောကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။