Xuan Zang ဆိုသူဟာ တရုတ်ပြည်ထန်မင်းဆက်တုန်းက အိန္ဒိယကနေ ကျမ်းဂန်တွေကို တစ်ဦးတည်း ခရီးနှင်ပြီးသွားယူခဲ့တဲ့ စာသင်သားဘုန်းကြီးတစ်ပါးပါ။ သူဟာ သူ့ကိုသူ ဘုန်းကြီးဖြစ်ဖို့ကံပါလာသူလို့ မှတ်ယူထားပြီး ဗုဒ္ဓသာသနာတော်ထွန်းကားအောင် အိန္ဒိယကနေ ကျမ်းဂန်တွေကို သွားယူဖို့က သူ့ရဲ့တစ်ခုတည်းသော အိပ်မက်ပါ။ ထန်မင်းဆက်မှာ အငတ်ဘေးကြုံရလို့ ဒုက္ခသည်တွေ ရေကြည်ရာမြက်နုရာ ထွက်သွားစဉ်မှာ ရောနှောပြီး ချန်အန်းကနေ ထွက်လာခဲ့ပေမယ့် အနောက်ပိုင်းကို သွားခွင့်တားမြစ်ထားပြီး တရားမ၀င်နယ်စပ်ကို ကျော်ဖြတ်ပါကလည်း သေဒဏ်ထိကျနိုင်ကြောင်း သူဟာသိထားပါလျက် အခက်ခဲပေါင်းများစွာနဲ့ တစ်ဦးတည်းခရီးဆက်ခဲ့ပါတယ်။ လူသူကင်းမဲ့ ရေမရှိ လမ်းမမြင်ရတဲ့ ကန္တာရထဲမှာ တစ်ယောက်တည်းခရီးဆက်ရင်း ကိုယ့်ကိုကိုယ်မေ့မသွားဖို့လည်း ကြိုးစားရပါသေးတယ်။ ဆယ်စုနှစ် နှစ်ခုနီးပါးကြာမြင့်ခဲ့ပြီး ဇွဲမလျှော့ခဲ့တဲ့ အနောက်ဘက်သို့ ခရီးသွားသူတစ်ဦးအကြောင်းကို ကြည့်ရှု့ခံစားကြည့်လိုက်ကြပါ။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Su ဖြစ်ပါတယ်။