ငါးမန်းဆိုကတည်းက အကောင်ကြီးကြီး ချွန်ထက်တဲ့ သွားတွေ သွေးညှီနံ့ရပြီဆိုတာနဲ့ သဲကြီးမဲကြီး မြင်ရာကို ကိုက်ချီစုတ်ဖြဲတတ်တဲ့ သတ္တဝါဆိုပြီးတန်းတွေးမိစေမယ့် ကြောက်စရာ ရေနေအကောင်ကြီးတွေမဟုတ်လား။
အဲ့ဒါကိုမှ အန္တရာယ်ကိုမြင်တတ်ရှောင်တတ် လူတွေလိုပါ တွေးတတ်ခေါ်တတ်လာခဲ့ရင် ကျားကိုအတောင်ပံတပ်ပေးလိုက်သလိုဖြစ်တော့မှာပါပဲ။ ဒီလိုဆို သူတို့ပိုင်နက်ထဲကို ကျူုးကျော်ရန်စလာတဲ့ လူတွေအတွက်တော့ မတွေးဝံ့စရာအခြေအနေတစ်ခုဖြစ်လာပါပြီ။
ဒီလိုငါးမန်းတွေ ပါတဲ့ ရုပ်ရှင်တစ်ကား ၁၉၉၉ တုန်းက ထွက်ရှိခဲ့ပြီး အခုချိန်ထိ မသိသူမရှိအောင်မြင်ခဲ့ပါတယ်။
အဲ့ဒါကတော့ Deep Blue Sea ပါ။
နှစ်ပေါင်းများစွာကြာအပြီး ၂၀၁၈ မှာ သူ့အရှိန်နဲ့ အပိုင်းနှစ်ထွက်ခဲ့ပေမယ့် အတော်ချာခဲ့ပါတယ်။ အခု ဒီကားကတော့ အောင်မြင်ခဲ့တဲ့ နံပါတ်တစ်ရဲ့ အငွေ့အသက်တွေကိုပြန်ရသလို လမ်းကြောင်းမှန်ပေါ်ပြန်ရောက်လာပြီလို့လဲဆိုကြပါတယ်။ တကယ်လဲ ပတ်တူးတုန်းကထက် အများကြီးပိုကောင်းလာပါတယ်။
ဒေါက်တာအမ်မာကောလင်းနဲ့ သူ့အဖွဲ့ဟာ လစ်တယ်လ်ဟက်ပီးဆိုတဲ့လူလုပ်ကျွန်းငယ်လေးပေါ်မှာနေထိုင်ပြီး နှစ်စဉ် မွေးဖွားဖို့လာရောက်ကြတဲ့ငါးမန်းဖြူတွေအပေါ်ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်ရဲ့သက်ရောက်မှုကိုလေ့လာကြပါတယ်။
သူတို့ရဲ့ ငြိမ်းချမ်းနေတဲ့ဘဝလေးကို လာဖျက်ဆီးသူတွေကတော့ သူ့ရည်းစားဟောင်း ပင်လယ်ဇီဝပညာရှင် ရစ်ချတ်နဲ့ အပေါင်းအပါတွေ ဘူးလ် ငါးမန်းသုံးကောင် ပျောက်ဆုံးလို့လာရှာရာကနေစပါတယ်။
အဲ့ဒီငါးမန်းသုံးကောင်ဟာ ရိုးရိုးငါးမန်းတွေမဟုတ်ပဲ သိပ္ပံစမ်းသပ်မှုတစ်ခုကနေဖန်တီးထားတဲ့ ဗီဇပြောင်းလဲအဆင့်မြှင့်ထားတဲ့ အာရုံခံနိုင်စွမ်း တွေးခေါ်နိုင်စွမ်းတွေအပြင် ခွန်အားအနေနဲ့ပါ ပုံမှန်ထက် သာလွန်နေတဲ့ ကျားကိုအတောင်ပံတပ်ထားသလို ကြောက်စရာအဖျက်လက်နက်ကြီးတွေပါပဲ။
တကယ်လို့ အဲ့ဒီသုံးကောင်ကနေ မျိုးပွားခဲ့မယ်ဆိုရင် ထပ်ပွားလာမယ့်မျိုးဆက်တွေဟာ သမုဒ္ဒရာတစ်ခုလုံးက သက်ရှိတွေကို ဖျက်ဆီးနိုင်တဲ့အထိ အန္တရာယ်ကြီးနေတဲ့အခါ...