7.7
635,886
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.7 GB

Credit

200

Argo (2012)

Biography, Drama, Thriller

Credits 200

ဒီရုပ်ရှင်ကတော့ IMDb 7.7 ရထားပြီးတော့ ၁၉၇၀ ဝန်းကျင် အီရန်တော်လှန်ရေးမှာ အမေရိကန်သံရုံးကဝန်ထမ်းခြောက်ယောက်ကို ကယ်ထုတ်ခဲ့ရတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၇၉ မှာ အီရန်နိုင်ငံတွင်း တော်လှန်ရေးဖြစ်ပြီးအမေရိကန်နိုင်ငံက ခိုလှုံခွင့်ပေးထားတဲ့ အီရန်ဘုရင်ဟောင်းကို ပြန်လွှဲပေးဖို့အတွက် အမေရိကန်သံရုံးရှေ့မှာ ဆန္ဒပြမှုတွေဖြစ်လာခဲ့ပါတယ်။ အမေရိကန်ကို ဖိအားပေးတဲ့အနေနဲ့သံရုံးကိုဝင်စီးပြီး သံရုံးဝန်ထမ်းတွေကို ဓားစာခံအဖြစ်ဖမ်းဆီးထားတော့သံရုံးဝန်ထမ်းခြောက်ယောက်က လွတ်မြောက်သွားခဲ့ပါတယ်။ အဲဒီသံရုံးဝန်ထမ်းခြောက်ယောက်ကိုအီရန်ကနေ ကယ်ထုတ်ဖို့ စီအိုင်အေကလူတွေ ကြိုးစားကြပုံကို ရိုက်ကူးထားတာဖြစ်ပါတယ်။ဖြစ်ရပ်မှန်ကို အခြေခံထားတာဖြစ်လို့ စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nway Oo ဖြစ်ပါတယ်