5.9
21,089
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.9 GB

Credit

200

Dragon Blade (2015)

Action, Drama, Fantasy

Credits 200

ဒီကားလေးရဲ့ ဇာတ်လမ်းအကျဥ်းကတော့ ပိုးထည်လမ်းပေါ်မှာ လူမျိုးစုတွေ ငြိမ်းငြိမ်းချမ်းချမ်းသွားလာနိုင်အောင် ကာကွယ်ပေးတဲ့ ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ရှိပါတယ်။ တစ်နေ့ကျတော့ အဲဒီအဖွဲ့ကို ရွှေတွေ မှောင်ခိုသွင်းတယ်ဆိုပြီး စွပ်စွဲပြီးတော့ အဖွဲ့ခေါင်းဆောင် ဟော်အန်း (မင်းသားကြီးဂျက်ကီချန်း)အပါအဝင် သူ့တပည့်တွေကို ငန်းရိုင်းဂိတ်ဆိုတဲ့ မြို့သစ်တည်ဆောက်တဲ့နေရာကို နယ်နှင်ဒဏ်ပေးပြီး အလုပ်ကြမ်းတွေခိုင်းဖို့ လွှတ်လိုက်ပါတော့တယ်။ တစ်နေ့မှာတော့ သူတို့ ဆောက်လုပ်ရေးလုပ်နေကြတဲ့ ငန်းရိုင်းဂိတ်ကို လူးစီးယပ်စ်လို့ခေါ်တဲ့ ရောမစစ်သူကြီးတစ်ဦးဟာ သူ့စစ်သည်တွေနဲ့ ရောက်လာပါတယ်။ အဲဒီရောမန်တပ်ကြီးနဲ့အတူ ပျူးဘလပ်စ်လို့ခေါ်တဲ့ မျက်မမြင်ကောင်လေးတစ်ယောက်လည်း ပါလာပါသေးတယ်။ စစ်သည်တွေရော မြင်းတွေပါ ခရီးပန်းနေကြတာကိုသိတဲ့ စစ်သူကြီး လူးစီးယပ်စ်က ဟော်အန်းနဲ့ တစ်ယောက်ချင်းတိုက်ဖို့ စိန်ခေါ်ပြီး ငန်းရိုင်းဂိတ်ကို ကျူးကျော်ဖို့ ကြိုးစားပါတော့တယ်။ သူတို့ တိုက်ခိုက်နေကြတုန်း သဲမုန်တိုင်း တိုက်တော့မလိုဖြစ်ပြီး မျက်မမြင်ကောင်လေးလည်းကို တွေ့လိုက်ရတဲ့ ဟော်အန်းက ရောမတပ်ကြီးကို သူတို့မြို့ထဲ ပေးဝင်လိုက်ပါတော့တယ်။ အဲဒီလိုနဲ့ လူးစီးယပ်စ်က ဟော်အန်းနဲ့ ခင်မင်သွားပြီး သူတို့ မြို့တည်ဆောက်နေတဲ့နေရာမှာ ဝင်ကူညီပေးပါတယ်။ ဒါပေမဲ့ လူးစီးယပ်စ်တို့က ဘာလို့ ဒီအထိ ရောက်လာတာလဲ၊ မျက်မမြင်ကောင်လေး ပျူးဘလပ်စ်ကရော ဘယ်သူလဲ၊ လူးစီးယပ်နဲ့ ဟော်အန်းတို့ ဘယ်လိုအန္တရာယ်တွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာတော့ ဒီကားလေးမှာ ဆက်လက်ရှုစားပေးကြပါဦး ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Maria ဖြစ်ပါတယ်