8.5
1,408,134
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.2 GB

Credit

200

The Departed (2006)

Crime, Drama, Thriller

Credits 200

ဒီဇာတ်ကားလေးကတော့ ဟောင်ကောင်ရုပ်ရှင် Infernal Affair ကိုပြန်လည်ပုံဖော် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ ဒုစရိုက်အလုပ်တွေကို လုပ်ကိုင်နေတဲ့ Gangster တစ်ယောက်ဖြစ်တဲ့ ဖရန့် ကာစတယ်လိုဆိုသူဟာ ငယ်ငယ်ကတည်းက ဦးလေးနဲ့အတူနေလာရတဲ့ ကောင်လေးတစ်ယောက်ကို ပြစုစောင့်ရှောက်ကျွေးမွေးပြီး လက်သပ်မွေးထားခဲ့ပါတယ်။ နောက်တော့ အဲ့ကလေးဟာ ရဲသင်တန်းကိုတက်ရောက်ခဲ့ပါတယ်။ သူကတော့ ကော်လင်း ဆားဗင့်ပါ။ နောက်တစ်ယောက်ကတော့ ငယ်စဉ်ကတည်းက နာမည်ပျက်ရှိတဲ့ ဒုစရိုက်မိသားစုကြားမှာ ကြီးပြင်းလာပြီး မိသားစုကို စိတ်ကုန်လာတာကြောင့် ရဲတပ်ဖွဲ့ကိုဝင်ခဲ့ပါတယ်။ သူကတော့ ဘေလ် ကော့စတီဂန်ပါ။ ကော့စတီဂန်ဟာ ရဲသင်တန်းကျောင်းကို မအောင်မြင်ခဲ့ပဲ ဆားဗင့်ဟာ ထူးချွန်တာကြောင့် အောင်မြင်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကော့စတီဂန်ဟာ ဒုစရိုက်မိသားစုက ဆင်းသက်လာတာကြောင့် ရဲတပ်ဖွဲ့ရဲ့ သူလျှိုလုပ်ဖို့ဖြစ်လာပြီး တဖက်မှာ ဆားဗင့်ကတော့ ကာစတယ်လို ကျွေးမွေးထားတဲ့သားပီပီ သူ့ရဲ့ သူလျှိုဖြစ်လာခဲ့ပါတယ်။ ဒီဇာတ်ကားလေးဟာ စိတ်ဝင်စားစရာဇာတ်ကြောင်းတွေကို ပုံဖော်ရိုက်ကူးထားတာဖြစ်ပြီး F wordတွေလည်း အများကြီးပါတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Adrian ဖြစ်ပါတယ်