6.4
317,116
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.9 GB

Credit

100

Now You See Me 2 (2016)

Action, Adventure, Comedy

Credits 100

ပဉ္စလက်ပညာအသားပေး သည်းထိတ်ရင်ဖိုအက်ရှင်ဇာတ်ကားလေးဖြစ်တဲ့ Now You See Me 2 ပါ။ ၂၀၁၃ တုန်းက ထွက်ခဲ့တဲ့ Now You See Me ဇာတ်ကားကလည်း ပရိသတ်တွေအားပေးမှုရခဲ့သလို အခုထပ်ထွက်လာတဲ့ ဒုတိယမြောက်ဇာတ်ကားကိုကော ဘယ်လိုတင်ဆက်ထားလဲဆိုတာ စိတ်ဝင်စားစရာပါ။ ပရိသတ်ရှေ့ကရော အက်ဖ်ဘီအိုင်ရဲ့ မျက်စိအောက်ကပါ တစ်နှစ်လောက်ကြာအောင် ပျောက်သွားခဲ့အပြီးမှာတော့ Four Hor-semen (ဂျေဒန်နီယယ်၊ အက်တလက်စ်၊ မာရစ်မက်ကင်နီ၊ ဂျက်ခ် ဝိုင်းလ်ဒါ) ပဉ္စလက်ပညာရှင်အဖွဲ့ဟာ ပုန်းခိုနေရင်းနဲ့ Eye လို့ခေါ်တဲ့ပဉ္စလက်ပညာရှင် အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်ကို စောင့်နေခဲ့ပါတယ်။ အကျင့်ပျက် စီးပွားရေးလုပ်ငန်းရှင် အိုဝင်ကေ့စ်က ဆော့ဖ်ဝဲ တစ်ခုကို လျှို့ဝှက်သုံးစွဲပြီးသူများတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက် တွေကို သူ့အကျိုးစီးပွားအတွက် ခိုးယူနေမှုကို ဖော်ထုတ်ဖို့အတွက် အက်ဖ်ဘီအိုင်အေးဂျင့် ဒီလန်ရိုဒက်စ်က သူတို့အဖွဲ့ကို တာဝန်ပေးခဲ့ပါတယ်။ Horsemen အဖွဲ့ဟာ လုံခြုံရေးအယောင်ဆောင်ပြီး ကေ့စ်ရဲ့ ကုမ္ပဏီထဲကို ခိုးဝင်ပြီး ဆော့ဖ်ဝဲသစ်ကို ခိုးယူကာ အက်ဖ်ဘီအိုင်ကို အကြောင်းကြားခဲ့ပါတယ်။ နောက်တော့ ကေ့စ်ရဲ့ ကုမ္ပဏီထဲကနေ ထွက်ပြေးခဲ့ပြီး မကာအိုဘက်မှာ ခြေရာဖျောက်ခဲ့ကြပါတယ်။ သို့သော်ငြားလည်း မကာအိုရောက်ခါမှ ဒုက္ခလှလှတွေနဲ့ ပိုပြီးတွေ့ပါတော့တယ်။ အိုဝင်ကေ့စ်ဟာ တကယ်တော့ သူ့လုပ်ဖော်ကိုင်ဖက်ရဲ့ ကုမ္ပဏီကို လက်ဝါးကြီးအုပ်ခဲ့တာဖြစ်ပြီး သူ့လုပ်ဖော်ကိုင်ဖက်က သေသွားပြီလို့ ဇာတ်မြှုပ်ခဲ့ပြီး နောက် ဝေါလ်တာမာဘရီနာမည် နဲ့ ပြန်ပေါ်လာခဲ့ပါတယ်။ နည်းပညာစုန်းတစ်ယောက် လို့ ဆိုနိုင်တဲ့ ဝေါလ်တာမာဘရီ ဟာ ကာစီနိုဝိုင်းတွက အချက်အ လက်ရဖို့ ကေ့စ်သုံးနေတဲ့ ကွန်ပျူ တာ ချစ်ပ်ကို Horsemen အဖွဲ့ကို ခိုးယူစေခဲ့ပါတယ်။ အဲဒါနဲ့ Hor-semen တို့အဖွဲ့ဟာ သိပ္ပံပညာ ရှင်အယောင်ဆောင်ပြီး ချစ်ပ်ကို ခိုးယူခဲ့ကြပါတယ်။ လက်စားချေမှု၊ စီးပွား ပြဿနာအရှုပ်တွေကြားက ပဉ္စလက်ပညာရှင်တွေ ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာ ကြည့်လိုက်ကြဦးနော်။ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ အကောင်းအဆိုးယှဉ်တွဲဝေဖန်မှု ရထားတဲ့ ဒီဇာတ်ကားလေးကို ဆန်းမစ်အင်တာတိန်းမန့်က ဇွန်လ ၁၀ ရက်က ဖြန့်ချိထားတာပါ။ ဒီဇာတ်ကားမှာ ဂျက်ဆီအီ ဆန်ဘာ့ဂ်၊ မာ့ခ်ရက်ဖ်လို၊ ဝူဒီ ဟာရယ်လ်ဆန်၊ ဒေ့ဗ်ဖရန်ကို၊ ဒန်နီယယ်ရက်ကလစ်ဖ်၊ မော်ဂန် ဖရီးမန်း၊ ဟောင်ကောင် အဆို တော် သရုပ်ဆောင် ဂျေးချိုစတဲ့ သရုပ်ဆောင်တွေ အများကြီးပါ ဝင်ထားကြတာပါ။