App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Gangs of New York လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်
Leonardo DiCaprio, Daniel Day-Lewis နဲ့ Cameron Diaz တို့ အဓိက ပါဝင်သရုပ်ဆောင်ထားတဲ့ အမိုက်စား classic ရုပ်ရှင်ဖြစ်ပါတယ်။ အမေရိကန်ပြည်တွင်းစစ်ဖြစ်နေဆဲ 1800 ခုနှစ်တွေက ကာလကို အခြေတည်ထားပြီး ဖခင်အတွက် လက်စားချေမယ့် လူငယ်လေး အမ်စတာဒန်နေရာကနေ Leonardo က သရုပ်ဆောင်ထားတာပါ။
အဲ့အချိန်ကာလတုန်းက နယူးယောက်မြို့ကြီးမှာ ပွထနေတဲ့ ဂိုဏ်းမျိုးစုံနဲ့ အစိုးရအရာရှိတွေ ပူးပေါင်း ခေါင်းပုံဖြတ်တာတွေ လူမျိုးရေးခွဲခြားတာတွေနဲ့စစ်မှုထမ်းဉပဒေကြောင့် သူဆင်းရဲတွေ ဒုက္ခရောက်ရတာတွေကိုပါ အစုံအလင် ၃နာရီနီးပါး စိတ်ဝင်တစား အားပေးရမှာပါ။
အမ်စတာဒန်ရဲ့ဖခင်လက်ထက်တည်းက ဌာနေတွေနဲ့ ရွှေ့ပြောင်းလာသူတွေက အမြဲ နယ်မြေလု တိုက်ခိုက်နေခဲ့ပြီး သူ့ဖခင်ဘုန်းတော်ကြီးက တိုက်ပွဲမှာ တစ်ဖက်ဌာနေခေါင်းဆောင်လက်ချက်နဲ့ သေဆုံးသွားပါတယ်။ 16နှစ်ကြာပြီးတော့ အမ်စတာဒန်က အဲ့နေရာကို ပြန်လာခဲ့ပြီး သူ့ဖခင်အတွက် ကလဲ့စားချေဖို့ ရန်သူ community ခေါင်းဆောင်လက်အောက်ကို ဝင်လာပါတော့တယ်။
ဘာသာရေးကွဲလွဲမှုတွေ...ပိုက်ဆံပေးနိုင်ရင် စစ်မှုထမ်းဖို့ကနေ လွတ်နိုင်တဲ့ ဉပဒေကြောင့် သူဆင်းရဲတွေ ဒေါသသူပုန်ထတာတွေ...အဲ့ခေတ်က ရွေးကောက်ပွဲစနစ်တွေ အဓိကရုဏ်းတွေကိုပါ ထည့်သွင်းထားပြီး ဆုပေါင်း 50 ရထားတဲ့ အနှစ်ကားတစ်ကားမို့ ကြည့်သင့်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်