App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ R2B: Return to Base လေးကိုတင်ပေးလိုက်ပါတယ်။
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ ၂၀၁၂ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့
ကိုးရီးယားစစ်ကားဖြစ်ပြီး ရိန်းအပါအဝင် တခြားနာမည်ကြီးသရုပ်ဆောင်များစွာ
ပါဝင်ထားတဲ့အတွက် ကောင်းတယ်လို့ကို ညွှန်းနေစရာမလိုတော့ပါဘူး။
ဇာတ်လမ်းအကျဉ်းကတော့ ဗိုလ်ကြီးဂျောင်တေဟွန်းဟာ လင်းယုန်နက်လေတပ်ရဲ့
အသက်အငယ်ဆုံးလေသူရဲတစ်ယောက်ဖြစ်ပြီး ရွှတ်နောက်နောက်တွေလုပ်တတ်လို့
နာမည်ကြီးပါတယ်။ အဲဒီအကျင့်ကြောင့်ပဲ လေယာဉ်အုပ်စုဖွဲ့အလှပြပျံသန်းမှုမှာ
စတန့်တစ်ကွက်ပြလိုက်လို့ တခြားလေတပ်စခန်းတစ်ခုကို တာဝန်ချထားခံလိုက်ရပါတယ်။
တစ်နေ့မှာတော့ လေကြောင်းကင်းလှည့်နေတဲ့အချိန်မှာ မြောက်ကိုးရီးယားက
တိုက်လေယာဉ်တစ်စီးက ဆိုးလ်မြို့ကို ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့
ဂျောင်တေဟွန်းရဲ့အစ်ကိုလိုခင်ရတဲ့လေယာဉ်မှူးတစ်ယောက်ဆုံးရှုံးသွားပြီး
အကူလေယာဉ်မှူးက အရေးပေါ်ဆင်းသက်သွားရက မြောက်ကိုးရီးယားပိုင်နက်ထဲကို
ရောက်သွားတယ်။
တစ်ဖက်မှာလည်း မြောက်ကိုးရီးယားက အမေရိကန်ကိုပစ်ခတ်ဖို့
တိုက်ချင်းဒုံးကျည်တွေကို လျှို့ဝှက်လုပ်ဆောင်နေပါတယ်။ အဲဒီတော့ မြောက်ကိုးရီးယားမှာ
လူသွားကယ်ဖို့နဲ့ တိုက်ချင်းဒုံးကျည်တွေကို ဖျက်ဆီးပစ်ဖို့ အခြေစိုက်စခန်းသို့အပြန်ဆိုတဲ့
မစ်ရှင်မှာ ဗိုလ်ကြီးဂျောင်တေဟွန်းကို တာဝန်ပေးလိုက်တဲ့အခါ ဘယ်လိုနည်းဗျူဟာတွေ
သုံးပြီး မစ်ရှင်ကို အကောင်အထည်ဖော်သွားမလဲဆိုတာကို စိတ်ဝင်တစားကြည့်ရှုခံစားရမှာ
ဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ MCEC ဖြစ်ပါတယ်