4.9
60,801
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

5.4 GB

Credit

500

Poltergeist (2015)

Horror, Thriller

Credits 500

ဂန္ဓဝင်ဆရာကြီး စတီဗင်စပီးဘဂ်ရဲ့ မူရင်းဇာတ်လမ်းကို ၁၉၈၂ မှာ ရုပ်ရှင်အဖြစ်ပုံဖော်ဖန်တီးလိုက်ရာကနေ အောင်မြင်ခဲ့တဲ့ Poltergeist ဟာ နောက်ထပ် Franchise ဇာတ်လမ်း တွေ ဆက်လက်ထွက်ရှိလာပါတယ်။ ၁၉၈၆ နဲ့ ၁၉၈၈ Sequel နှစ်ကားထွက်ပြီး ၁၉၉၆ မှာ TV Series ပါထွက်လာပါတယ်။ ၂၀၁၅ မှာတော့ မူလပထမ ဇာတ်လမ်းကိုပဲ Remake အနေနဲ့ သရုပ်ဆောင်အသစ်တွေနဲ့ ပုံစံအသစ်ပြောင်းရိုက်ခဲ့တဲ့ကားထွက်လာပါတယ်။ အခုတင်ဆက်ပေးမှာက ၂၀၁၅ ဗားရှင်းဖြစ်ပါတယ်။ အလုပ်လက်မဲ့ဖြစ်နေတဲ့ လင်မယားဟာ သူတို့ကလေးသုံးယောက်နဲ့အတူ ဆင်ခြေဖုံးက အိမ်တစ်လုံးဆီ ပြောင်းလာကြပါတယ်။ သူတို့အိမ်ဟာ သင်္ချိုင်းဟောင်းတစ်ခုပေါ်မှာ ဆောက်ထားကြောင်းသိလိုက်ရပြီး ထူးဆန်း တဲ့အဖြစ်တွေ စတွေ့ကြုံလာရပါတော့တယ်။ ကလေးသုံးယောက်ထဲကမှ အငယ်ဆုံးသမီးလေး ပျောက်သွားတဲ့ အခါမှာတော့ သူတို့ဟာ တက္ကသိုလ်တစ်ခုက ပရလောကစုံစမ်းရေးဌာနကို အကူအညီတောင်းလိုက်မိပါတယ်။ အဲဒီအဖွဲ့က ပါမောက္ခနဲ့အတူ သရဲနှင်တဲ့ တီဗွီအစီအစဉ်တစ်ခုက ဆရာကြီးတစ်ပါးပါ ပါလာပြီး ပျောက်သွားတဲ့ကလေးမလေးကိစ္စကို စုံစမ်းကြပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Masuji Ono ဖြစ်ပါတယ်။