7.7
586,910
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.5 GB

Credit

200

Zodiac (2007)

Crime, Drama, Mystery

Credits 200

အခုတခါမှာတော့ ၂၀၀၇ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Thriller မှုခင်းဒရမ်မာ ရုပ်ရှင်အမျိုးအစား ဇာတ်ကားတကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင်တော့ ဖြစ်ရပ်မှန်မှုခင်းဖြစ်ရပ်တခုကို အခြေခံရိုက်ကူးထားတာဖြစ်ပြီး Robert Graysmith ရေးသား ထားတဲ့ Zodiac and Zodiac Unmasked ဆိုတဲ့ စာအုပ်ကို အခြေခံထားတာလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ David Fincher ကရိုက်ကူးထားတာဖြစ်ပြီး နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Jake Gyllenhaal, Robert Downey Jr, Mark Ruffalo တို့ကို တပေါင်းတစည်းတည်း ကြည့်ရှုမယ့် ဇာတ်ကားတကားလည်း ဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ သူ့ကိုယ်သူ Zodiac လို့နာမည်ပေးထားတဲ့ စိတ္တဇဆန်ဆန် ကွင်းဆက်လူသတ်သမား တယောက် အကြောင်းကို ဇာတ်အိမ်တည် ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ၁၉၆၉ ခုနှစ်လောက်ကစပြီး အမေရိကန်ရဲ့ ပြည်နယ်သုံးခု မှာ လူသတ်မှုပေါင်း ၃၀ ကျော်လောက်ကို ကျူးလွန်ခဲ့တဲ့ Zodiac ဟာဆိုရင်တော့ လူသတ်ပြီးတိုင်း ရဲတွေနဲ့ သတင်းစာတိုက်တွေကို စာလှမ်းလှမ်းပို့ကာ သူ့အကြောင်းကို သတင်းစာတွေထဲမှာ ဝေဝေဆာဆာ ဖော်ပြခံချင်သူ တယောက်ဖြစ်ပါတယ်။ လူသတ်မှုတခါပြီးတိုင်း နောက်ထပ်သူဘာလုပ်မယ်ဆိုတာကို ရှေးခေတ်အက္ခရာ Code တွေနဲ့ ရဲတွေကို ဦးနှောက်စား အောင် အမျိုးမျိုးလုပ်ပြီး သဲလွန်စပေးသလိုလိုနဲ့ ဦးနှောက်ဖောက်စားတဲ့ စိတ္တဇဆန်ဆန် လူသတ်သမားရဲ့ လုပ်ရပ်တွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားကြရမှာပဲ ဖြစ်ပါတယ်။ Zodiac ပေးတဲ့သဲလွန်စတွေရော ထပ်မံရရှိတဲ့ သက်သေတွေရောနဲ့ စုံထောက်တွေရော ရဲတွေပါ အစွမ်းကုန် ဒီအမှုကို ဖော်ထုတ်ခဲ့ကြပေမယ့် လက်ပူးလက်ကြပ်တော့ မဖမ်းဆီးနိုင်ခဲ့ကြပါဘူး။ သတင်းစာတိုက်ကလူတွေလည်း ဒီကွင်းဆက် လူသတ်သမားကြောင့် ခေါင်းခြောက်၊ ရဲတွေလည်း ခြေရာခံမရတဲ့ Zodiac ကြောင့် ခေါင်းခြောက်ရင်း ဆယ်စုနှစ်တခု လောက်အထိကြာပြီးနောက်ပိုင်းမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြည့်ဖို့ တိုက်တွန်း ချင်ပါတယ်။ ဒီဇာတ်ကားဟာ IMDB rating 7.7 အထိရရှိထားပြီး Rotten Tomatoes မှာဆိုရင်လည်း 90% အထိရရှိထားတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။ ကြည့်ရှုချိန် ၂ နာရီခွဲခန့်မှာ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရတာ ဖြစ်တာကြောင့် Thriller Sense လည်းရသလို ဖြစ်ရပ်မှန်မှုခင်းကို အခြေခံထားတာဖြစ်တာကြောင့်လည်း ကြည့်ရှုသင့်တဲ့ ဇာတ်ကားကောင်းတကား ဖြစ်ပါတယ်လို့ ညွှန်းဆိုပေးလိုက်ရပါတယ်။