7.6
371,129
...

Video Quality

Blu-ray 1080p

Audio Quality

DTS HDMA 7.1

File Size

5.4 GB

Credit

500

Moana (2016)

Animation, Adventure, Comedy

Credits 500

ကြည့်ပြီး သူတွေကိုလည်း မသိသေးတာတွေ သိစေချင်တာရယ် အရမ်းကြိုက်လို့ သိမ်းထားချင်တယ်ဆိုရင်လည်း အဆင်ပြေစေချင်တာကြောင့် BluRay ကာလတီနဲ့ ကြိုးစားတင်ဆက်ပေးတာပါ။ အရင်ထွက်ရှိခဲ့တဲ့ ကာလတီနဲ့ ရုပ်ထွက်ပိုင်းရော အသံပိုင်းဆိုင်ရာမှာပါ ပိုမိုကောင်းမွန်လာတာကြောင့် ရုပ်ရှင်တစ်ကားရဲ့ တကယ့်အနှစ်သာရအစစ်အမှန်ကို ခံစားစေချင်တဲ့ စေတနာနဲ့ တင်ပေးတာပါ။ တော်တော်များများလည်း ကြည့်ပြီးကြပြီဆိုတော့ ဇာတ်လမ်းအကျဉ်းလေးအကြောင်းကို မပြောတော့ပဲ ဒီကားရဲ့ ထူးခြားချက်လေးတွေကိုပဲ ပြောကြရအောင်... - ဒီကားလေးကို သဘာဝကျကျရိုက်ကူးဖို့အတွက် ဒါရိုက်တာ John Musker နှင့် Ron Clements တို့ဟာ Polynesian လူမျိုးတွေရဲ့ ရိုးရာဓလေ့နှင့် အပြုအမူတွေအားလုံးကို လေ့လာနိုင်ဖို့အတွက် Polynesian လူမျိုးတွေနဲ့အတူ လပေါင်းများစွာ နေထိုင်ခဲ့ကြပါတယ်။ - Polynesian လူမျိုးတွေအကြောင်းကို ၂၀၀၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Lilo & Stitch ကာတွန်းကားထဲမှာလည်း ရိုက်ကူးခဲ့ပါသေးတယ်။ ဒါ့အပြင် Moana လေး ကမ်းခြေမှာ လိပ်ကလေးကို ပြန်လွတ်ပေးလိုက်တဲ့ အခန်းဟာလည်း Lilo & Stitch ဇာတ်ကားထဲမှ ဇာတ်ဝင်ခန်းကိုပဲ ပြန်လည်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ - ဒီဇာတ်ကားလေးကို စတင်ထုတ်လုပ်ခဲ့တဲ့နေ့ (23 November 2016) ဟာ Moana နေရာရဲ့ အသံသရုပ်ဆောင်ဖြစ်တဲ့ မင်းသမီးလေး Auli'i Cravalho ရဲ့ ၁၆ နှစ်ပြည့် မွေးနေ့နဲ့ တစ်ရက်ပဲ ကွာခဲ့ပါတယ်။ ဒီဇာတ်ကားလေးဟာလည်း သူမရဲ့ ပထမဆုံး အနုပညာခြေလှမ်းတစ်လှမ်းဖြစ်ခဲ့ပြီး အံ့သြစရာကောင်းလောက်အောင် အောင်မြင်မှုရခဲ့တဲ့ သူတစ်ယောက်ပါ။ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ အခြားသော သရုပ်ဆောင်တွေနှင့် ပရိသတ်တွေက အရမ်းချစ်စရာကောင်းလွန်းပြီး အပြင်မှာ တကယ့် Moana အစစ်ကို မြင်တွေ့လိုက်ရသလိုပဲလို့တောင် ချီးကျူးခြင်းခံခဲ့ရပါတယ်။ - Maui နေရာမှာ အသံသရုပ်ဆောင်တဲ့ Dwayne Johnson (ခေါ်) စွယ်စုံရ နပန်းသမားကြီး The Rock ဟာ ဒီကားထဲမှာ သူကိုယ်တိုင် စိတ်ကြိုက်အသံရရှိဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့သလို အခြား အသံသရုပ်ဆောင်တွေကိုလည်း အကောင်းဆုံးဖြစ်စေရန် တွန်းအားပေးခဲ့ပါသေးတယ်။ ဒီဇာတ်ကားလေးဟာ သူ့အတွက် ဒုတိယမြောက် Animation ဇာတ်ကားဖြစ်ပြီး ပထမ Animation ဇာတ်ကားလေးကတော့ ၂၀၀၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Planet 51 ပဲဖြစ်ပါတယ်။ - Maui ခန္ဓာကိုယ်ပေါ်မှ တက်တူးများဟာ တစ်ချိန်က Winnie the Pooh (2011) ကာတွန်းကားကို ရေးဆွဲခဲ့သလိုပဲ လက်ဖြင့် ရေးဆွဲပြီးမှ Animation အဖြစ် ပြန်လည် အသက်ဝင်စေခဲ့တာဖြစ်ပါတယ်။ - Moana သူ့အဖွားဆီက ရရှိခဲ့တဲ့ လည်ဆွဲပုံစံလေးဟာ တရုတ်ပြည်မှာ Yin-Yang လို့ခေါ်တဲ့ သင်္ကေတလေးနဲ့ တူနေခဲ့ပါတယ်။ - ၂၀၁၆ ခုနှစ် အော်စကာဆုပေးပွဲအတွက် ဇကာတင်စာရင်းထဲကို ထည့်သွင်းချင်းခံရတဲ့ ဒီ Moana ဇာတ်ကားလေးဟာလည်း ပရိသတ်တွေ ရင်ထဲမတိုးဝင်ခင်ကတည်းက နာမည်ကြီးနေခဲ့တယ်လို့ပဲ ဆိုရမှာပါ။ ဒီလောက်ဆို အတော်လေးသိနေပြီမို့ ဇာတ်ကားလေးကို ပြန်ကြည့်ပြီး သီချင်းလေးတွေ ပြန်နားထောင်လိုက်ရအောင်။ Animation ဇာတ်ကားဆိုပေမယ့် ယူတတ်မယ်ဆို မှတ်သားစရာတွေ တစ်ပုံတစ်ပင်ကြီးမို့ ပြန်လည်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။