6.7
242,675
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

Romeo + Juliet (1996)

Drama, Romance

Credits 200

ဒီဇင်ဘာ 20 Movies Request တုန်းက ဘာသာပြန်ပီးတင်ပေးဖို့ တောင်းဆိုထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Romeo + Juliet (1996) လေးကို Blu-ray 1080p Quality နဲ့တင်ပေးလိုက်ပါပီ ရိုမီယိုနဲ့ ဂျူးလီးယက်ဆိုရင်တော့ အားလုံးကရင်းနှီးပြီးသားအချစ်သူရဲကောင်းတွေပါပဲ။ မြန်မာမှာဆိုရင်တော့ ရှင်မွှေးနွန်းနဲ့ မင်းနန္ဒာပေါ့နော်။ တစ်သက်လုံး ကမ္ဘာ့ရန်အနေနဲ့ပြိုင်ဆိုင်ခဲ့တဲ့ လူချမ်းသာအိမ်တော်နှစ်ခုရဲ့ မာန်မာနအညှိုးတွေ၊ ပြိုင်ဆိုင်မှုတွေကို အသက်ပေးချစ်ခဲ့ကြတဲ့ချစ်သူနှစ်ဦးရဲ့ မေတ္တာတရားတွေနဲ့ ဆေးကြောခဲ့တဲ့ဇာတ်လမ်းလေး တစ်ပုဒ်။ ဒီဇာတ်လမ်းလေးက ဘယ်လောက်ပဲခေတ်တွေ နှစ်တွေပြောင်းသွားပါစေ၊ ချစ်သူတွေကြားကချစ်ခြင်းမေတ္တာကို စံနမူနာပြရတဲ့စုံတွဲလေးအနေနဲ့ လူတိုင်းရဲ့နှုတ်ဖျားမှာထင်ကျန်နေဆဲပါ။ ဒီဇာတ်လမ်းလေးတွေကဘယ်ကနေအစပျိုးခဲ့ပါသလဲ? ဒီတိုင်း လူတွေရဲ့ပါးစပ်ဖျားကပါးစပ်ရာဇဝင်သက်သက်တော့မဟုတ်ခဲ့ပါဘူး။ ရိုမီယိုနဲ့ ဂျူးလီးယက်ဆိုတဲ့ဆယ်ကျော်သက်အရွယ် ချစ်စရာစုံတွဲလေးဟာ ၁၄ရာစုနဲ့ ၁၅ရာစုအနောက်တိုင်း စာပေအနုပညာမှာ ဆရာတစ်ဆူဖြစ်ခဲ့တဲ့ အင်္ဂလိပ်ကဗျာနဲ့ ပြဇာတ်ရေးဆရာ ဝီလီယံရှိတ်စပီးယားရဲ့ ကလောင်ဖျားကပေါက်ဖွားခဲ့တဲ့ ဇာတ်ကောင်တွေပါ။ ဗဟုသုတအနေနဲ့ပြောရရင်တော့ ရိုမီယိုနဲ့ ဂျူးလီးယက်ပြဇာတ်ကို ရှိတ်စပီးယားက ၁၅၉၇မှာရေးသားခဲ့တာဖြစ်ပါတယ်။ ဒီပြဇာတ်လေးကိုမွေးစားယူပြီး ရိုမီယိုနဲ့ ဂျူးလီးယက်တို့ရဲ့ချစ်ဇာတ်လမ်းတွေကို နှောင်းလူတွေကရုပ်ရှင်တွေအဖြစ်ပုံဖော်ရိုက်ကူးခဲ့ကြပါတယ်။ ဒီအထဲမှာ ၁၉၉၆ခုနှစ် အောက်တိုဘာ၂၇ရက်နေ့မှာထုတ်လွှင့်ခဲ့တဲ့ William Shakespeare’s Romeo & Juliet မှာတော့ ရိုမီယိုအဖြစ် Leonardo DiCaprio နဲ့ ဂျူးလီးယက်အဖြစ် Claire Danes ကတွဲဖက်ညီညီနဲ့သရုပ်ဆောင်သွားခဲ့တာမို့လို့ ပိုပြီးတော့နာမည်အကြီးဆုံးဖြစ်သွားခဲ့ပါတယ်။ ပိုပြီးတော့စိတ်ဝင်စားစရာကောင်းတာက ၂၀ရာစုမှာရိုက်ကူးတဲ့ရုပ်ရှင်တစ်ကားဖြစ်ပေမယ့် ဇာတ်ကားတစ်ခုလုံးမှာပြောဆိုသွားတဲ့အသုံးအနှုန်းတွေအားလုံးကို တကယ့် ၁၄ရာစုက Shakespeare Language နဲ့ပုံမှန်လေသံအတိုင်းပြောဆိုသွားခဲ့တာမို့ Cultured Reset လုပ်ထားတယ်လို့တောင်ပြောလို့ရပါတယ်။ ဒါကြောင့် ကလေးဘဝကတည်းကပါးစပ်ပုံပြင်အဖြစ် စွဲလမ်းနေခဲ့တဲ့ပုံပြင်လေးကို ကိုယ်နှစ်သက်ရတဲ့ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ဒီဇာတ်ကားလေးကို လက်လွတ်မခံဖို့တိုက်တွန်းလိုက်ပါရစေ။ အချို့ rated scene တွေပါဝင်တာကြောင့်အသက်၁၈နှစ်မပြည့်သေးသူများတော့ ကြည့်ရှုဖို့မသင့်တော်ပါဘူး။ Ancient English Literature ဖြစ်တဲ့အတွက် ဘာသာပြန်ဆိုရာမှာအမှားပါသွားရင် တောင်းပန်ပါတယ်ရှင်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။