6.7
7,123
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.2 GB

Credit

200

No Tears for the Dead (2014)

Action, Crime, Drama

Credits 200

ဂျင်ဂွန်းက အမေရိကန်နိုင်ငံသား ကိုရီးယားလူမျိုး ကြေးစားလူသတ်သမားတစ်ယောက်ပါ။ တစ်နေ့မှာ သူ့ပစ်မှတ်ကိုရှင်းရင်းနဲ့ အဲဒီလူရဲ့သမီး ယူမီဆိုတဲ့ ကလေးမလေးကိုပါ သတ်မိသွားခဲ့တယ်။ ဒါပေမဲ့ အဲဒီလူဆီက အရေးကြီးဖိုင်ကိုတော့ မရလိုက်ပါဘူး။ သူ့အလုပ်ရှင်က အဲဒီဖိုင်တွေ လက်ထဲရှိနေတယ်လို့ ယူဆရတဲ့ အဲဒီလူရဲ့ ဇနီးဖြစ်သူ ယူမီရဲ့အမေကိုသတ်ဖို့ အလုပ်ပေးလာခဲ့တယ်။ အဲ့ဒါကြောင့် ဂျင်ဂွန်းတစ်ယောက် ကိုရီးယားကို ရောက်လာခဲ့ပေမယ့် သူ သတ်မိခဲ့တဲ့ ကလေးမလေးရဲ့အမေ ပူဆွေးကြေကွဲနေတာကို မြင်ရတဲ့အခါ အပြစ်မကင်းတဲ့စိတ်ကြောင့် မသတ်နိုင်ဘဲ တုံ့ဆိုင်းနေခဲ့မိတယ်။ တစ်ဖက်မှာလည်း ဖိုင်ကိုရှာဖို့အတွက် အဲဒီအမျိုးသမီးနောက်ကို လိုက်နေတဲ့ တခြားဒုစရိုက်သမားတွေ ရှိနေခဲ့ပါတယ်။ ဂျင်ဂွန်းတစ်ယောက် သူ့ပစ်မှတ်ကို အောင်မြင်စွာ သတ်နိုင်မှာလား၊ စိတ်ပြောင်းပြီး ကယ်တင်မှာလားဆိုတာကို No Tears for the Dead ဆိုတဲ့ ဇာတ်ကားလေးမှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်