5.7
1,994
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.7 GB

Credit

200

Sakra (2023)

Action, Adventure

Credits 200

တရုတ်သိုင်းကားတွေထဲမှာ Ip Man ဆိုရင်မသိတဲ့သူခပ်ရှားရှားပါပဲ။အခုလဲ Ip Man မင်းသားကြီးသရုပ်ဆောင်ထားတဲ့ Sakra ဆိုတဲ့ဇာတ်ကားတစ်ကားထပ်ထွက်လာခဲ့ပါပြီ။ဒီကားထဲမှာတော့သူဖုန်းစားဂိုဏ်းရဲ့ခေါင်းဆောင်ကီဖွန်နေရာကနေသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။အဲ့ဒီအချိန်ကာလမှာသူတို့ရဲ့ဆွန်လူမျိုးတွေနဲ့ခီတန်လူမျိုးတွေဟာအရမ်းကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ပြီးရန်သူတွေဖြစ်နေကြတဲ့အချိန်ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲသူဖုန်းစားဂိုဏ်းထဲကဒုသခင်တစ်ယောက်အသတ်ခံခဲ့ရပြီးကီဖွန်ဟာလဲခီတန်တစ်ယောက်ဖြစ်ကြောင်းပေါ်သွားခဲ့ပါတယ်။သူကခီတန်တစ်ယောက်ဖြစ်တယ်ဆိုတာကိုသူကိုယ်တိုင်မသိတဲ့အပြင်လူသတ်တာလဲသူပါဆိုပြီးစွပ်စွဲခံခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့ကီဖွန်ကိုသတ်ဖို့အတွက်ဆွန်မျိုးဆက်ကလူတွေအကုန်လုံးကကြိုးစားကြပါတော့တယ်။ကီဖွန်တစ်ယောက်သူမတရားစွပ်စွဲခံနေရတာတွေကိုဘယ်လိုရင်ဆိုင်မလဲ။ဘာတွေဆက်ဖြစ်မလဲဆိုတာကိုကြည့်ရှူရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Eazy ဖြစ်ပါတယ်