ဒီလူသတ်အက်ရှင်ကားကတော့ Oscar တစ်ဆုနဲ့ အခြားဆုပေါင်း 46 ဆုသိမ်းပိုက်နိုင်ခဲ့ပြီး IMDB rating ကလည်း 7.8/10 ရထားတော့ ကြည့်ပြီးသားလူတွေပါပြန်ကြည့်သင့်တဲ့ ကားတစ်ကားလို့ညွှန်းချင်ပါတယ်။ ရုံတင်ပြီး ကမ္ဘာအနှံ့မှာ ဒေါ်လာသန်းပေါင်းရာချီ ဝင်ငွေရခဲ့တာမို့ အဖက်ဖက်က အောင်မြင်တဲ့ကားလို့ပြောရင်လည်း မမှားပါဘူး။
ဇာတ်လမ်းအကျဉ်းက ပြည်တွင်းစစ်အပြီး လူမည်းမုန်းတီးရေးတွေ တောကြောင်တွေ ဂိုဏ်းတွေ ပေါများနေတဲ့ကာလ သမ္မတအေဘရာဟင်လင်ကွန်းလက်ထက်မှာ ခရီးတစ်ထောက်နားရင်း ဆုံမိတဲ့ ခရီးသွား 8 ယောက်ရဲ့ ကိုယ်စီအကြံနဲ့ဇာတ်ကြောင်းကို တွေ့ရမှာပါ။ ပထမလေးယောက်က Red Rock မြို့မှာ ကြိုးပေးဖို့ခေါ်သွားတဲ့ ကြိုးပေးသမား ဂျွန်ရုသ်ရယ် သူ့အပြစ်သား ဒေစီဒိုမေဂါရယ် သူတို့မြင်းလှည်းကို လမ်းကြုံလိုက်လာတဲ့ ဆုကြေးမုဆိုး လူမည်းဝါရန်ရယ် သူ့ကိုယ်သူ Red Rock က ရဲမှူးအသစ်လို့ပြောတဲ့ လူဖြူ ခရစ်စ်မန်နစ်စ်ရယ်...သူတို့တွေက နှင်းမုန်တိုင်းကြောင့် လမ်းတစ်ဝက်က မင်နီရဲ့ဆိုင်မှာ တစ်ထောက်နားဖို့ ဖြစ်သွားပါတယ်။
အဲ့ဆိုင်ကိုရောက်တော့ ဆိုင်ရှင်လင်မယားမရှိဘဲ နောက်ထပ် သူစိမ်းတွေနဲ့ ဆုံပါတယ်။ အဲ့လူတွေအားလုံးဆုံပြီးတော့ ဘယ်လို အံ့ဩစရာတွေ ဆက်ဖြစ်မလဲ...ဘယ်သူတွေက ဘယ်သူတွေနဲ့ ပူးပေါင်းထားတာလဲ...သူတို့သရုပ်မှန်ကဘာလဲ...ဘူဖြူတွေကြားထဲက တစ်ဦးတည်းသော လူမည်း ဝါရန်ကရော ကျန်တဲ့လူတွေနဲ့ ဘယ်လိုဇာတ်လမ်းဆက်မလဲဆိုတာကို Mystery ဆန်ဆန် ရှုစားရမှာဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်