7.0
4,046
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

5 GB

Credit

200

Inside Men (2015)

Action, Crime, Drama

Credits 200

ဇာတ်လမ်းရဲ့ အစပိုင်းမှာ ပြနေတာတွေက Movieရဲ့ သုံးချိုး နှစ်ချိုး ကအဖြစ်အပျက်တွေကနေ စပြထားတာပါ။ အဲ့ကနေမှ လွန်ခဲ့တဲ့ ၂နှစ်က ဆိုပြီး နောက်ကြောင်းပြန်ပုံစံမျိုး ပြန်သွားပါတယ်။ အစောပိုင်း ၄၅မိနစ်ကြာတဲ့အချိန်ထိ နားမလည်သလို ဖြစ်နေစေပေမယ့် အဲ့နောက်မှာတော့ ပျိုးခဲ့သမျှကို တဖြည်းဖြည်း နားလည်သွားမှာပါ။ ဇာတ်အိမ်ကျယ်တဲ့အတွက် ဇာတ်ကောင်တွေများလွန်းတာကို စိတ်အနှောင့်အယက်မဖြစ်ဘဲ ဆက်ကြည့်လိုက်ရင် တကယ့်အရသာပေါ်လာစေတဲ့ movie မျိုးပါ။ ဇာတ်လမ်းလေးကတော့- - - - - - *spoiler alert* အဓိက ဇာတ်လိုက်မင်းသား ၂ယောက်ပါပါတယ်။ ပထမတစ်ယောက်က အမှုစစ်စုံထောက် ဝူဂျန်ဟွန်း။ သူက ကျောထောက်နောက်ခံမရှိ အောက်ခြေက တက်လာပြီး ရည်မှန်းချက်ကြီးတဲ့ အမှုစစ်တစ်ယောက်ဆိုပေမယ့် မှန်ကန်တဲ့နည်းလမ်းနဲ့ ထိပ်ကို တက်ချင်နေသူပါ။ ဒီလိုဖြစ်ဖို့ကလည်း သူဆွဲထုတ်ချင်နေတဲ့ အပိုင်းအစ လေးက သေးသေးမွှားမွှားမဟုတ်။ နိုင်ငံနဲ့ ပြည်သူတစ်ရပ်လုံးကို ပူးပေါင်းလိမ်ညာနေတဲ့ မီဒီယာဘက်က အမျိုးသာ နေ့စဥ်သတင်းစာတိုက် အယ်ဒီတာချုပ် လီကန်ဟီး၊ နိုင်ငံရေးဘက်က သမ္မတအလောင်းအလျာ ဂျန်ပီဝူး၊ စီးပွားရေးဘက်က နောက်ကနေ စပွန်ဆာ ခိုင်ခိုင်မာမာပေးနေတဲ့ စီပွားရေးဘက်က မီရယ်ကားကုမ္ပဏီ ဥက္ကဌ အိုယွန်းဆူတို့ ၃ယောက်ကြားက ပတ်သက်မှုကို ဖော်ထုတ်ဖို့ပါပဲ။ သူတို့ရဲ့ ခြေတံလက်တံတွေနဲ့ လွတ်ကင်းတဲ့နေရာကလည်း မရှိသလောက်ဆိုတော့ ထင်သလောက်တော့ မလွယ်။ သဲကြီးမည်းကြီးကို လက်မလျော့ဘဲ စုံစမ်းနေရင်းက မထင်မှတ်တဲ့ အောက်ဖဲတစ်ချပ်ကို တွေ့လိုက်ရတယ်။ အဲ့ဒါကတော့ လီကန်ဟီးရဲ့ အားအထားရဆုံးလူယုံ လက်ကိုင်တုတ် တဖြစ်လဲ ညီအစ်ကို ဆက်ဆံရေးရှိခဲ့သူ အန်ဆန်းဂူ ဆိုသူပါပဲ။ သာမန် ဂန်းစတား လူမိုက်အဖြစ်ကနေ အယ်ဒီတာချုပ် လီကန်ဟီးနဲ့ တွေ့ပြီးနောက်ပိုင်း ကိုရီးယားနိုင်ငံရဲ့ နိုင်ငံရေးကစားကွက်တွေအထိပါ ခြယ်လှယ်လာနိုင်ခဲ့တယ်။ အဲ့လို ပေါ်ပေါ်ထင်ထင် ဖြစ်လာတဲ့ အတွက် ရလာဒ်ကတော့ လီကန်ဟီး၊ ဂျန်ပီဝူး နဲ့ အိုယွန်းဆူတို့ရဲ့ မျက်စိဆံပင်မွှေးစူး ခြင်းခံရပြီး ညာဘက်လက်ကောက်ဝတ် အဖြတ်ခံခဲ့ရတဲ့ အပြင် စိတ္တဇဆေးရုံကိုပါ ရောက်သွားရတဲ့အထိပါပဲ။ ဘယ်လိုအခြေအနေပဲရောက်ရောက် အစ်ကိုတစ်ယောက်လို သံယောဇဥ်ရှိတဲ့ လီကန်ဟီးကို အဆုံးထိ ယုံကြည်စိတ်ကရှိနေခဲ့တယ်။ ပြန်လည်လက်စားချေဖို့ အထိ ဆုံးဖြတ်ခဲ့သည့်တိုင် မီဒီယာသမားလီကန်ဟီး မပါခဲ့။ ဖြစ်ပျက်ခဲ့သမျှ နိုင်ငံရေးလှည့်ကွက်တွေ ရဲ့ နောက်ကွယ်က အဓိက ကြိုးကိုင်သူတွေထဲမှာ လီကန်ဟီး ပါဝင်နေကြောင်း သိလိုက်ရတဲ့ နောက်မှာတော့ လက်စားချေလိုသူ လူမိုက် အန်ဆန်းဝူနဲ့ အမှန်တရားကို လက်ကိုင်ပြုပြီး ထိပ်ကိုတက်မယ့် အမှုစစ်ဝူဂျန်ဟွန်း တို့နှစ်ယောက် ပူပေါင်းလိုက်ကြတယ်။ သူတို့၂ယောက် ဘယ်လိုမျိုး ပွဲသိမ်းရိုက်ချက်တွေနဲ့ အာဏာ ငွေကြေး လိင်ကိစ္စ တွေနဲ့ ရစ်မူးနေကြတဲ့ သူတွေကို အနိုင်ယူကြမလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်။ - inside men movieဟာ နိုင်ငံရေးမှုခင်း အက်ရှင် အမျိုးအစားဖြစ်ပြီး running timeက ၃နာရီကြာပါတယ်။ bollywood ဇာတ်ကားတစ်ကားကို Running Time ရှည်တာ ပြသနာမရှိပေမယ့် koreaကိုတော့ အဲ့လောက်အကြာကြီးမကြည့်ချင်။ ဒါကြောင့်လည်း rating တွေ ကောင်းတာသိပေမယ့် ဒေါင်းပြီး ရက်အတန်ကြာသည်အထိ မကြည့်ဖြစ်ခဲ့။ ကြည့်နေရင်း နာရီဝက်လောက်ကြာသည်အထိ ဇာတ်လမ်းကရှုပ်ထွေးနေပြီး ရပ်ပစ်ဖို့ တွေးမိနေသေးပေမယ့် castတွေထဲ လီဗြောင်ဟွန်း ပါနေခြင်းကို ယုံကြည်ပြီး ဆက်ကြည့်ဖြစ်ခဲ့ခြင်းက အတော့်ကို မှန်သွားခဲ့တယ်။ Iris ၊ A bitter sweet lifeတို့လို ကားတွေနဲ့ သိပ်ကြိုက်ခဲ့လို့လားတော့ မသိ ဒီလိုဇာတ်ကောင်တွေနဲ့ လီဗြောင်ဟွန်းဆိုတာက သိပ်ကိုလိုက်ဖက်လွန်းတယ်။ တခြားကိုရီးယား မင်းသားတွေနဲ့ ကွဲထွက်နေတဲ့ စတိုင်၊ ယောက်ျားပီသတဲ့ ရုပ်ရည် သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေ စတဲ့ အချက်တွေကြောင့် အရမ်းကြိုက်ရတဲ့ မင်းသား ဖြစ်လာခဲ့တယ်။ IM ဟာ လီဗြောင်ဟွန်းရဲ့ အမိုက်စား ကိုရီးယားကားတွေ ( Hollwood မဟုတ်သော) ထဲမှာ သေချာပေါက်ပါပါတယ်။ ဒီmovieမှာ အကြိုက်ဆုံးအခန်းလေးရှိတယ်။ အချစ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ မပါသလောက်ရှိပေမယ့် တစ်ခန်းတည်းသာပါဝင်တဲ့ သံယောဇဥ်အမျှင်အတန်း Dialogue လေးကလည်း တစ်ခန်းဆို ဆိုသလောက် Wowပါပဲ။ ဘာတဲ့ " အမှတ်တရတွေကိုတော့ ရင်ထဲမှာပဲသိမ်းထားလိုက်ပါ ခဏဖြတ်သွားတဲ့ ဘတ်စ်ကားတစ်စီးအတွက် ခံစားချက်မရှိဘူး" တဲ့။ အရမ်း မိုက်တယ်။ အဲ့အခန်းလေးနဲ့တင် အချိန်ခဏလေးနဲ့တင် နောင်အခါ လက်စားချေခြင်းအမှုကို ပြုတဲ့အခါ ခံစားချက်တွေပိုများလာပြီး ဇာတ်လမ်းအရှိန်တက်သွားစေဖို့ လုံလောက်ခဲ့တယ်။ ကျန်တဲ့ သရုပ်ဆောင်တွေအားလုံးလည်း ကိုယ်စီတာဝန်ကျေခဲ့ကြတာလည်း မြင်သာနိုင်တယ်။ ဥပမာ သက်သေနဲ့တကွ ချောင်းပိတ်ထားနိုင်ပြီအထင်နဲ့ လီကန်ဟီးကို ဖမ်းလာတယ်။ စစ်ဆေးရေးအခန်းထဲထည့်ထားပြီး cctv အခန်းကနေ စောင့်ကြည့်နေတဲ့ အမှုစစ် ဝူဂျန်ဟွန်းက တမင်အချိန်ဆွဲစောင့်ခိုင်းထားပြီးမှ စစ်ဆေးဖို့ ဝင်သွားတဲ့ အခိုက်အတန့်ဟာ အတော်မိုက်တယ်။ ဟာ တွေ့ကြလေပြီပေါ့ ဆိုတဲ့ ခံစားချက်မျိုး အပြည့်အဝ ရတယ်။ ဇာတ်လိုက်တို့ နိုင်လောက်ပြီလို့ ထင်နေပေမယ့် လီကန်ဟီးက တစ်ကွက်ပြန်သာ လှလှပပလေး ရှောင်ထွက်သွားပုံ စကားပြောပုံတွေကလည်း movieရဲ့အရှိန်ကို ထပ်မြှင့်ပေးနိုင်ခဲ့တယ်။ အားနည်းချက်ကို ပြောရရင် အပေါ်မှာပြောခဲ့တဲ့ ဇာတ်လိုက် ၂ယောက် ဗီလိန် ၃ယောက် စုစုပေါင်း ၅ယောက်အပြင် တစ်ဦးချင်းစီရဲ့ လူယုံ တပည့်တွေပါ အပါအဝင် ဇာတ်ကောင် ၁၅ယောက်လောက်အထိ လိုက်လံမှတ်သားနေရခြင်းက ရှုပ်ရှုပ်ထွေးထွေး လိုက်မှတ်ရတာ မကြိုက်တဲ့သူ အဖို့ သဘောမတွေ့စရာပါ။ ***** စက္ကန့် အနည်းငယ်သာ ပါ ပေမယ့် ရှင်းလင်းတဲ့ ပြကွက်တစ်ချို့ကြောင့် ကလေးတွေအတွက် မသင့်လျော်ပါ။ လူကြီးတွေ remote ကိုင်ပါ။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ Nyi Nyi ဖြစ်ပါတယ်