7.9
739,406
...

Video Quality

Blu-ray 1080p

Audio Quality

DTS ES 5.1

File Size

3.6 GB

Credit

300

X-Men: Days of Future Past (2014)

Action, Adventure, Sci-Fi

Credits 300

ဒီကားအကြောင်းမပြောခင် တစ်ခုကြို ပြောချင်တာက X-Men: Days of Future Past မကြည့်ခင်၊ X-Men Trilogy နဲ့ X-Men: First Class တို့ကိုတော့ ကြည့်ဖူးထားဖို့လိုပါမယ်။ သာမန်ရုပ်ရှင်ကြည့် ပရိတ်သတ်ဆိုရင် ကြည့်ထားဖို့ပိုလိုပါတယ်။ ဘာလို့လည်းဆိုတော့ ဒီဇာတ်ကားနှစ်ကားနဲ့ လက်ရှိ ဇာတ်ကား က အဆက်အစပ်ရှိနေလို့ပါ။ ကာတွန်းကြည့်ဖူးတဲ့သူတွေကတော့ ဇာတ်လမ်းတွေသိပြီးသား ဖြစ်မှာပါ။ဇာတ်လမ်းမပြောခင် Spoiler အနည်းငယ်ပါမယ်လို့ကြိုသတိပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ The Wolverine ဇာတ်ကားအပြီး ကနေဆက်ထားပြီး၊ ဇာတ်လမ်းအစမှာ Trailer မှာပါတဲ့ Sentinel တွေနဲ့ X-Men တွေ တိုက်ခိုက်တဲ့အခန်းနဲ့စထားပါတယ်။ ဒီမှာ X-Men အဖွဲ့က Kitty Pryde ရဲ့ ပါဝါကိုသုံးပြီး သူတို့အဖွဲထဲက တစ်ယောက်ကို အချိန်နောက်ပြန်ပို့ပြီး Sentinel တွေလာတော့မယ်ဆိုပြီး သတိပေးပြီး နေရာပြောင်းခိုင်းပါတယ်။ ဒီလိုနည်းနဲ့ သူတို့ ထွက်ပြေးနေရာကနေ၊ Professor X, Logan (wolverine), Magneto, တို့က Sentinel Program စတင်ခဲ့တဲ့ ၁၉၇၀ ကျော် လွန်ခဲ့တဲ့နှစ် ၅၀ ကို ပြန်သွားပြီးတော့ အတိတ်ကို ပြောင်းလဲဖို့ကြိုးစားပါတယ်။ ဒီအစီအစဉ်မှာ တစ်ခြားဘယ်သူ့ကိုမှ ဒီလောက်အဝေးကြီး ပြန်လွှတ်လို့မရဘဲ၊ Wolverine တစ်ယောက်သာလျှင် သူ့ရဲ့ Healing Power ကြောင့် ဒီ Mission ကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဘယ်လို တားဆီးမယ် ဘာကို တားဆီးရမယ်ဆိုတာတော့ ပိတ်သားထက်မှာ ဆက်လက်ကြည့်ရှုကြတာ ပိုပြီး အရသာရှိပါတယ်။ ဒါ့အပြင် X-Men ၃ကားက ကာရိုက်တာတွေနဲ့ X-Men First Class က လူတွေပေါင်းရိုက်ထားတာလည်း ပညာသားပါပြီး၊ Mutant တစ်ယောက်တည်းကို အခြေခံရိုက်ကူးထားတာမဟုတ်ပဲ၊ အားလုံး ညီတူညီမှ ပါဝင်အောင် ရိုက်ကူးထားပါတယ်။ James McAvoy ရဲ့ Charles Xavier အငယ်နဲ့ Patrick Stewart ရဲ့ Charles Xavier အကြီး တို့ စကားပြောခန်းလည်း ပါပါသေးတယ်။ Comic Fan တစ်ယောက်အနေနဲ့ အနည်းငယ်စိတ်မကျေနပ်စရာကတော့ Wolverine နဲ့ Sentinel တွေ ချတဲ့အခန်း၊ Wolverine ရဲ့ Adamantium claws တွေနဲ့ Sentinel တွေကို ဖျက်ဆီးတဲ့ အခန်းတွေ လုံးဝမပါပါဘူး။ ဒါ့အပြင် ပရိတ်သတ် အချစ်တော် တွေဖြစ်တဲ့ Colossus, Blink, Ice-Man, Bishop တိုလည်း အနည်းငယ်စီပဲ ပါဝင်ရပါတယ်။ တကယ်ဆို အပိုင်းနှစ်ပိုင်းခွဲပြီး Part 1 & 2 ဆို ခွဲရိုက်ရင် ပိုပြီး ကောင်း ကောင်း ကြည့်ရနိုင်ပါတယ်။ ဒါပေမယ့်လည်း ဇာတ်လမ်းအရ အရေးပါတဲ့ဇာတ်လမ်းဖြစ်ပြီး၊ X-Men Franchise နဲ့ Marvel Universe တို့အတွက် တော့ အရေးပါတဲ့ ဇာတ်ကားလို့ပြောလို့ရပါတယ်။ ဘာလို့လည်းဆိုတော့ X-Men: Days Of Future Past ဇာတ်လမ်းကြောင့်၊ X-Men:The Last Stand နဲ့ X-Men Origin Wolverine မှာဖြစ်ပျက် ခဲ့တဲ့ အဖြစ်အပျက်တွေက လုံးဝမရှိတော့ပါဘူး။ ဆိုလိုချင်တာက ဒီကားနှစ်ကားက အဖြစ်အပျက်တွေက လက်ရှိ Timeline မှာမပါတော့ပါဘူး။ X-Men 1 & 2 နဲ့ The Wolverine တို့အဖြစ်တွေကတော့ ရှိနေဦးမှာပါ။ X-Men: First Class ကတော့ ဒီအဖြစ်အပျက်တွေ အားလုံးရဲ့အစပါ။ အချုပ်ပြောရရင်တော့ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီကားက ပရိတ်သတ် အမြင် အကပ်ဆုံး ဇာတ်ကား နှစ်ကားဖြစ်တဲ့ X-Men:The Last Stand နဲ့ X-Men Origin Wolverine တို့ ကို Erase လုပ်လိုက်သလို၊ ကာတွန်း က ဇာတ်လမ်းကိုလည်း တူနိုင်သမျှ တူအောင် သွားနေပါတယ်။ အထူးသဖြင့် Wolverine သူ့ရဲ့ မှတ်ဉာဏ်တွေ ဘယ်လို ပျောက်သွားတယ်၊ သူ့ကိုယ်ထဲကို Adamantium သတ္တု ဘယ်လို ရလည်းဆိုတာပါ အမှန်ပြင်ပေးထားပါတယ်။ (Origin က ဇာတ်လမ်းက ကာတွန်းနဲ့ကွဲပါတယ်။) William Stryker အငယ်ဘဝက ဒီကားမှာပါပြီး၊ Wolverine နဲ့ ဘယ်လိုတွေ့သွားတယ်၊ Wolverine ရဲ့ မှတ်ဉာဏ် ဘယ်လိုပျောက်သွားမယ်ဆိုတာ လည်း ပြထားပါတယ်။ Action Scene တွေ သိပ်မများလို့ အားမရတဲ့သူတွေရှိပေမယ့် ဇာတ်လမ်းအရ အရေးပါပြီး၊ ကြည့်ကိုကြည့်သင့်တဲ့ကားပါ။ ဇာတ်ရှိန်အတက်အကျကောင်းသလို ပရိတ်သတ် အကြိုက်တွေ့မှာသေချာပါတယ်။