6.1
16,205
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.4 GB

Credit

200

The Myth (2005)

Action, Adventure, Comedy

Credits 200

ရှေးဟောင်းသုတေသနပညာရှင်တစ်ယောက်ဖြစ်တဲ့ဂျက်က ချင်ခေတ်ကလို့ ထင်ရတဲ့ အဖြစ်အပျက်တွေကို ခဏခဏ အိပ်မက်မက်နေခဲ့ပါတယ်။ အဲဒီအိပ်မက်ထဲမှာ သူက မန်ယီဆိုတဲ့ စစ်သူကြီးဖြစ်နေပြီ အို့ဆူလို့ခေါ်တဲ့ ကိုရီးယားနိုင်ငံရဲ့ မင်းသမီးတစ်ပါးကို ကာကွယ်ပေးနေခဲ့ရပါတယ်။ အဲဒီလို ဘာမှန်းမသိတဲ့ အိပ်မက်တွေ မက်နေတဲ့အချိန် ဂျက်ရဲ့ သူငယ်ချင်းဖြစ်တဲ့ ရူပဗေဒပညာရှင် ဝီလီယမ်က သူလေ့လာနေတဲ့ ပရောဂျက်တစ်ခုနဲ့ပတ်သတ်ပြီး ဂျက်ကို အကူအညီတောင်းလာပါတယ်။ ဂျက်လည်း လက်ခံလိုက်ပြီး သူတို့နှစ်ယောက် ပရောဂျက်အတွက် လေ့လာဖို့ အတူတူ ခရီးထွက်ခဲ့ပါတယ်။ တကယ်တော့ ဂျက်က သူမက်နေကျအိပ်မက်ထဲက စစ်သူကြီးမန်ယီရဲ့ လူဝင်စားဖြစ်ပြီး အဲဒီခရီးမှာ စစ်သူကြီးမန်ယီရဲ့ လက်စွဲတော်ဓားနဲ့ ပြန်တွေ့ဖို့ အကြောင်းဖန်လာပါတော့တယ်။ ဘာကြောင့် အိပ်မက်တွေမက်နေရတာလဲ၊ ဓားနဲ့ ဘာလို့ရင်းနှီးနေတာလဲဆိုတာကို သိချင်လာတဲ့ဂျက်ဟာ ဒီကိစ္စကို ပိုထဲထဲဝင်ဝင် စုံစမ်းလာပါတော့တယ်။ သူ ဘာတွေသိသွားမလဲ၊ အတိတ်ဘဝက စစ်သူကြီးမန်ယီနဲ့ မင်းသမီးအို့ဆူတို့က ဘယ်လိုပတ်သတ်ခဲ့ပြီး ဘယ်လိုအဆုံးသတ်ခဲ့တာလဲဆိုတာတွေကို ဒီကားလေးမှာ ဆက်လက်ရှုစားပေးကြပါ။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Maria ဖြစ်ပါတယ်။