6.2
120,636
...

Video Quality

Blu-ray 1080p

Audio Quality

DTS 2.1

File Size

3.2 GB

Credit

50

Alice Through the Looking Glass (2016)

Adventure, Family, Fantasy

Credits 50

Alice Through the Looking Glass ဆိုတဲ့ဇာတ်ကားလေးကတော့ ၂၀၁၀ တုန်းက အောင်မြင်ခဲ့တဲ့ ဒါရိုက်တာ Tim Burton ရဲ့ Alice in Wonderland ဆိုတဲ့ fantasy ဇာတ်ကားရဲ့ နောက်ဆက်တွဲပါ။Mia Wasikowska, Johnny Depp, Anne Hathaway နဲ့ Helena Bohnam Carter တို့ကသူတို့ရဲ့ အရင်ဇာတ်ရုပ်တွေအတိုင်း ဆက်ပြီးသရုပ်ဆောင်သွားမှာဖြစ်ပြီး ဇာတ်ကောင်သစ်တွေအနေနဲ့ Rhys Ifans ကို Mad Hatter ရဲ့အဖေဇာတ်ကောင် နဲ့ Sacha Baron Cohen ကိုလူတစ်ပိုင်းနာရီတစ်ပိုင်းဇာတ်ကောင်တို့အဖြစ် တွေ့ရမှာပါ။Effect တွေ၊ Costume တွေ၊ ဆက်တင်တွေကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကို ဆွဲဆောင်နိုင်ဦးမယ်ဆိုတာကိုတော့ တွေးကြည့်ယုံနဲ့တင် သိသာပါတယ်။ ဒီဇာတ်ကားမှာ အရင်ဒါရိုက်တာ Tim Burton က producer အဖြစ်ဘဲတာဝန်ယူတော့မှာဖြစ်ပြီး Muppets ဒါရိုက်တာ James Bobin ကရိုက်ကူးသွားမှာပါ။ဇာတ်လမ်းအကျဉ်းကတော့ Alice ကအချိန်တွေနောက်ပြန်ခရီးသွားပြီး Mad Hatter ကိုကယ်တင်ရမယ့် စွန့်စားခန်းလေးလို့သိရပါတယ်။