6.3
210,497
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.3 GB

Credit

200

Central Intelligence (2016)

Action, Comedy, Crime

Credits 200

ကယ်ဗင်က အထက်တန်းကျောင်းတုန်းက ဘက်စုံထူးချွန်တဲ့ အင်မတန်ထူးခြားတဲ့ကျောင်းသားလေးဖြစ်ခဲ့တာပေါ့။ ဘယ်နေရာကိုပဲရောက်ရောက် ထိပ်ဆုံးရောက်အောင်လုပ်မယ်လို့ ဆုံးဖြတ်ချက်ချထားတဲ့သူပေါ့။ ဒါပေမဲ့ အနှစ် ၂၀ ကြာပြီးနောက်မှာတော့ သူဟာ သာမန်စာရင်းကိုင်လေးပဲဖြစ်နေခဲ့တယ်။ အဲဒီလိုထူးခြားမှုမရှိတာတွေက ကယ်ဗင်ကို မကျေမနပ်ဖြစ်စေတယ်။ ဒီလိုထူးခြားမှုမရှိတော့တဲ့ ကယ်ဗင်ရဲ့ဘဝထဲကို ကျောင်းသားဟောင်းမိတ်ဆုံစားပွဲမရောက်ခင်ညမှာ ဘော့စတုန်းဆိုတဲ့သူက ဖေ့စ်ဘုတ်ကနေ friend request ပို့ခဲ့ပြီး တွေ့ကြဖို့ချိန်းခဲ့တယ်။ ဘော့စတုန်းဆိုတာ လွန်ခဲ့တဲ့အနှစ် ၂၀ က အထက်တန်းကျောင်းရဲ့ အကြီးတန်းကျောင်းသားပွဲမှာ တခြားကျောင်းသားတွေက အနိုင်ကျင့်ပြီး အဝတ်အစားတွေအားလုံးချွတ်လို့ လူအုပ်ရှေ့မှာ အရှက်ခွဲခံခဲ့ရသူပဲ။ ဘော့စတုန်းက အခုတော့ စီအိုင်အေက အေဂျင့်တစ်ယောက်ဖြစ်ပြီး လူသတ်မှု နိုင်ငံတော်သစ္စာဖောက်မှုနဲ့ နိုင်ငံတော်က အလိုရှိနေတဲ့သူ။ ထူးချွန်ကျောင်းသားဖြစ်ခဲ့တဲ့ ကယ်ဗင်နဲ့ ရာဇဝတ်သား ဘော့စတုန်းတွေ့ဆုံပြီး ဘယ်လိုတွေ ဖြစ်မလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုခံစားကြည့်ပါဦး။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ marip pan ဖြစ်ပါတယ်။