6.9
2,390
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

3 GB

Credit

100

The King (2017)

Action, Crime, Drama

Credits 100

ပတ်ထယ်ဆု က ငယ်ငယ်လေးထဲက ဘဝကို ဘုရင်တစ်ပါးလို ရှင်သန်ချင်ခဲ့တာပဲ ဖြစ်ပါတယ်။ သူ့စိတ်ထဲမှာ အစိုးရရှေ့နေက ဘုရင်တစ်ပါးလို အာဏာရှိတယ်လို့ သိလာရတဲ့ကျောင်းသားအရွယ်မှာ စာတွေ နင်းကန်ကြိုးစားရင်း အစိုးရရှေ့နေဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်။ အစိုးရရှေ့နေဖြစ်လာတဲ့ အချိန်မှာတော့ တကယ် အာဏာရှိတာ သာမန်အမှုလိုက်နေတဲ့ အစိုးရရှေ့နေတွေ မဟုတ်ဘဲ ဗျူဟာမျိုးစုံခင်းပြီး အကျင့်ပျက်ခြစားတဲ့ ရှေ့နေတွေကသာ အာဏာ အကြီးဆုံး အအောင်မြင်ဆုံးဆိုတာ သိလိုက်ရတဲ့ အချိန်မှာ သူ့ဘဝကို ဘုရင်ဖြစ်စေမယ့် နည်းလမ်းထဲ နှစ်ခါ ပြန်မစဉ်းစားပဲ ရိုးသားစွာ အမှုလိုက်နေတဲ့ ရှေ့နေ ဘဝကနေ ချက်ချင်း ကူးပြောင်းခဲ့ပါတယ်။ ဒီလို အောင်မြင်မှုနဲ့ အာဏာကို သူ ‌ဘယ်ချိန်ထိ ထိန်းသိမ်းသွားနိုင်မလဲ သူ့ဘဝကို ဘုရင်လို ဘယ်ချိန်ထိ ရှင်သန်နိုင်မလဲဆိုတာ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ကိုရီးယား နိုင်ငံရေး movie လေးပဲ ဖြစ်ပါတယ် ။ ဒီကားထဲ Itzy အဖွဲ့ဝင် Rujin ကလဲ ပါဝင် သရုပ်ဆောင်ပေးထားပါသေးတယ်။ ဒီဇာတ်ကားအတွက် ဘာသာပြန်နဲ့အညွှန်းရေးသားသူကတော့ MTK_May ဖြစ်ပါတယ်။