6.7
135,965
...

Video Quality

Blu-ray 1080p

Audio Quality

DTS 1.0

File Size

2.4 GB

Credit

50

Police Academy (1984)

Comedy

Credits 50

ဒီလိုကိုဗစ်အချိန်ကာလမှာ အိမ်တွင်းအောင်းနေရတာကြာပြီဖြစ်တဲ့သူများအတွက် အပျင်းလေးပြေစေဖို့ဟာသကားဟောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၈၄ခုနှစ် မတ် ၂၃ရက်နေ့မှာထွက်ရှိထားတဲ့ Police Academy ကိုတော့ Netflix မှာလည်းထုတ်လွှင့်ထားပြီး ရုပ်ရှင်ကားဟောင်းပရိသက်များကတော့ အကြိုက်တွေ့မှာအမှန်ပါ။ မက်ခ်ဟော်နီဟာ မဟုတ်မခံစိတ်ရှိသူဖြစ်ပြီး လူနောက်လူပြောင်တစ်ယောက်လည်းဖြစ်ပါတယ်။ အမြဲလိုလိုပြဿနာရှာလို့ ရဲစခန်းရောက်တတ်တဲ့ မက်ခ်ဟော်နီကို ဖခင်ရဲ့သူငယ်ချင်းဖြစ်သူ ကပ္ပတိန်ရိဒ်က အမြဲတမ်းဖြေရှင်းပေးတတ်ပေမယ့် သည်းမခံနိုင်တော့တဲ့အဆုံး မက်ခ်ဟော်နီနဲ့အပေးအယူလုပ်ခဲ့ပါတယ်။ အဲ့ဒါကတော့ မက်ခ်ဟော်နီကိုရဲသင်တန်းကျောင်းသွားမလား၊ မဟုတ်ရင်ရှာထားတဲ့ပြဿနာတွေအတွက် ထောင်ထဲသွားမလားဆိုတာပါပဲ။ အဲ့ဒီနှစ်ကျမှပဲတိုက်တိုက်ဆိုင်ဆိုင် ရဲသင်တန်းကျောင်းကလည်းသတ်မှတ်ချက်တွေမရှိဘဲ ပြည်သူတွေအားလုံးကို သင်တန်းဝင်ခွင့်ပြုထားခဲ့ပါတယ်။ ဒီလိုနဲ့ ပုံစံအစုံ၊ စရိုက်အစုံနဲ့လာရောက်စုဝေးကြတဲ့ မတစ်ထောင်တစ်ကောင်ဘွားရဲသင်တန်းကျောင်းကို မက်ခ်ဟော်နီတစ်ယောက်ရောက်လာခဲ့ရပါတော့တယ်။ သင်တန်းကထွက်လာရင် ထောင်ထဲသွားရမယ်ဆိုတဲ့ သတိပေးချက်ကြောင့် သင်တန်းကလူကြီးတွေသည်းခံနိုင်အောင်လုပ်ရင်း အထုတ်ခံရအောင်လုပ်ဖို့အကြံနဲ့ရောက်လာတဲ့ မက်ခ်ဟော်နီတစ်ယောက် သူ့အကြံတွေအောင်မြင်ပါ့မလား??? ကျောင်းတော်ကြီးမှာ ဘယ်သူတွေက ဘယ်လိုအလွဲတွေနဲ့ပြဿနာရှာမလဲဆိုတာကို အူတက်အောင်ရယ်ရဖို့အသင့်ပြင်ပြီး ကြည့်လိုက်ကြပါဦးနော်။ Mature Content အနည်းငယ်ပါတာမို့ ကလေးသူငယ်များနဲ့တော့မကြည့်သင့်ပါဘူး။ ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့ အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။