7.6
501,102
...

Video Quality

Blu-ray 1080p

Audio Quality

Flac 5.1

File Size

4.5 GB

Credit

100

The Fifth Element (1997)

Action, Adventure, Sci-Fi

Credits 100

January 22 Movies Request တုန်းက ဘာသာပြန်ပီးတင်ပေးဖို တောင်းဆိုထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ The Fifth Element လေးကို Blu-ray 1080p Quality နဲ့တင်ပေးလိုက်ပါပီ နာမည်ကြီးမင်းသားကြီး Bruce Willis ပါဝင်တဲ့ comedy science fiction ရုပ်ရှင်လေးတစ်ကားနဲ့မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်လေးက ၁၉၉၇ခုနှစ်ကထွက်ခဲ့တာဆိုပေမယ့် Old but Gold လို့ဆိုရလောက်အောင် ပြန်ကြည့်မိတိုင်း ပြုံးရုံတင်မက အသံထွက်ရယ်စေနိုင်မယ့်ဇာတ်ကားလေးဆိုလည်းမမှားပါဘူး။ ကမ္ဘာကြီးဆီကိုကျရောက်လာမယ့် ကပ်ဆိုးအန္တရာယ်ကိုကာကွယ်တားဆီးပေးနိုင်မယ့် လက်နက်ကတော့ဓာတ်ကြီးလေးပါးနဲ့ ငါးပါးမြောက်သောအရာတစ်ခုတို့ပေါင်းဆီးခြင်းပါပဲ။ ဒီလျှို့ဝှက်ချက်ကို ဟိုးယခင်နှစ်ရာချီကတည်းကရှာဖွေတွေ့ရှိခဲ့ပေမယ့် လူအများမသိကြဘဲ ရောမခရစ်ယာန်ဘုန်းတော်ကြီးတွေကပဲ ဒါကိုလက်ဆင့်ကမ်းထိန်းသိမ်းခဲ့ကြပါတယ်။ တိုးတက်လာတဲ့ခေတ်ကြီးအရ လူသားမျိုးနွယ်တွေဟာကမ္ဘာမြေပေါ်သာမက စကြာဝဠာထိပါခြေဆန့်ပြီး ထူးဆန်းထွေလာနေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ရှေးပညာရှိတို့ကြိုတင်မှန်းဆထားတဲ့အတိုင်း ကပ်ဆိုးအန္တရာယ်ဟာကမ္ဘာပေါ်ကိုကျရောက်လာတဲ့အချိန်မှတော့... ရာစုပေါင်းများစွာကြာနေတဲ့ပညာရပ်နဲ့ ဓာတ်ကြီးလေးပါးနဲ့ငါးပါးမြောက်အရာကို သူတို့တွေရှာဖွေတွေ့ရှိနိုင်ပါ့မလား? သူတို့ရဲ့ရင်သက်ထိတ်လန့်ဖွယ်စွန့်စားခန်းကို ဘယ်လိုဟာသတွေနှောပြီးကြည့်ရမလဲဆိုတာ... ဒီဇာတ်ကားအတွက်ဘာသာပြန်နဲ့အညွှန်းရေးသူကတော့ Erika Sean ဖြစ်ပါတယ်။