6.8
11,428
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3.9 GB

Credit

200

The Thieves (2012)

Action, Comedy, Crime

Credits 200

ဒီကားလေးကတော့ ၂၀၁၂ခုနှစ်က ထွက်ရှိခဲ့တဲ့ အက်ရှင်မှုခင်းကားလေးပါ။ ပေါ့ပိုင်၊ ပီကေ၊ အယ်နီကောနဲ့ ဇမ်ပါနိုတို့က အဖိုးတန်ပစ္စည်းတွေ ဖောက်ထွင်းရောင်းချတဲ့ ပရော်ဖက်ရှင်နယ်သူခိုးတွေဖြစ်ကြပြီး ကျွမ်းကျင်ရာစကေးကိုယ်စီ ရှိကြပါတယ်။ သူတို့ကို မက္ကာအိုပတ်ဆိုသူက မက္ကာအိုမှာ အချီကြီးအလုပ်တစ်ခုလုပ်ဖို့ ကမ်းလှမ်းလာခဲ့တယ်။ အဲဒီအချိန် ထောင်ကထွက်လာတဲ့ မီးခံသေတ္တာဖောက်ထွင်းသူ ပက်ပ်စီပါ သူတို့နဲ့ပူးပေါင်းပြီး မက္ကာအိုကို လိုက်ခဲ့တော့တယ်။ အဲဒီမှာ မက္ကာအိုပတ် ဟောင်ကောင်ကနေခေါ်လာတဲ့ သူခိုးအဖွဲ့နဲ့ပူးပေါင်းပြီးလုပ်ရမယ့် တာဝန်ကတော့ ကာစီနိုမီးခံသေတ္တာထဲမှာရှိတဲ့ "နေမင်းမျက်ရည်" ဆိုတဲ့ စိန်ကိုခိုးဖို့ပါပဲ။ ဒါပေမဲ့ အဖွဲ့နှစ်ဖွဲ့ကြားမှာ တင်းမှာမှုတွေနဲ့ အပြိုင်အဆိုင်တွေ ရှိလာခဲ့တယ်။ အဲ့ဒါအပြင် အချင်းချင်းကြားမှာ မယုံကြည်မှုသံသယတွေ ရှိနေပြီး အဖွဲ့ဝင်တွေမှာ အကြံကိုယ်စီရှိနေပြန်ပါတယ်။ အဲဒီလိုအဖွဲ့က စိန်ကို အောင်အောင်မြင်မြင်နဲ့ ခိုးနိုင်ပါ့မလား၊ အချင်းချင်း ဘယ်လိုမျိုး နောက်ကျောဓားနဲ့ထိုးကြမလဲဆိုတာကို အလန်းစား Cast တွေနဲ့ ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတဲ့ The Thieves ဆိုတဲ့ ဇာတ်ကားလေးကို M Sub Movie မှာ ကြည့်ရှုခံစားနိုင်ပါပြီ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ June Rose ဖြစ်ပါတယ်