ဒီကားလေးကတော့ ကျွန်တော်တို့ရဲ့အချစ်တော်ကြီး ဂျက်ကီချန်းရဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ဂျက်ကီချန်းဟာ ဒီကားထဲမှာ ရှန်ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ရှန်ဟာ ဦးလေးဘေလ်မင်္ဂလာဆောင်အတွက် နယူးယော့ကိုရောက်လာတဲ့ သူဖြစ်ပါတယ်။ နယူးယော့က ဦးလေးဟာ သူ့ရဲ့ စူပါမားကပ်ကို အဲလန်နာဆိုတဲ့ မိန်းကလေးစီ ရောင်းချလိုက်ပါတယ်။ ရှန်ဟာ အဲလန်နာကို ကူညီရင်းနဲ့ သူ့ဦးလေးရဲ့ ပျားရည်ဆမ်းခရီး အပြန်ကိုစောင့်နေခဲ့ပါတယ်။ တစ်နေ့ ဆိုင်ကို လမ်းဘေးလူမိုက်အဖွဲ့ တစ်ဖွဲ့ကဝင်ခိုးနေတာကြောင့် ရှန်ဟာဖြေရှင်းခဲ့ရပါသေးတယ်။ အဲ့လမ်းဘေးအဖွဲ့ဟာ ရှန်ကိုမကျေနပ်ဘဲ တွေတဲ့နေရာမှာ သတ်ပစ်ဖို့ လုပ်ပါတော့တယ်။ အဲ့အဖွဲ့ထဲက နန်စီဆိုတဲ့ မိန်းကလေးဟာ ရှန်ရဲ့အိမ်နီးချင်လဲဖြစ်နေပါတယ်။ အဲ့အဖွဲ့ထဲက တစ်ယောက်ဟာ တကယ့် လူမိုက်တွေဆီကမှ စိန်ကိုခိုးယူခဲ့တာကြောင့် နန်စီနဲ့ရင်းနှီးနေတဲ့ ရှန်ဟာ ဖြေရှင်းရပါတော့တယ်။ ဂျက်ကီချန်း ဇာတ်ကားတို့ရဲ့ ထုံးစံအတိုင်း အကောင်းစား အက်ရှင်ကားတစ်ကားလည်း ဖြစ်ပါတယ်။
ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Zane ဖြစ်ပါတယ်