7.3
241,586
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

3 GB

Credit

200

The Adventures of Tintin (2011)

Animation, Action, Adventure

Credits 200

2011 မှာထွက်ရှိခဲ့တဲ့ 3D Animation ကားအနေနဲ့တော့လုံးဝကိုအပြစ်ပြောစရာကိုမရှိတဲ့ကားတစ်ကားပဲဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့ Effect တွေကပီပြင်လွန်းလို့တစ်ခါတစ်လေလူကားလို့တောင်ထင်ရပါတယ်။အဲ့ဒီအပြင်ကိုမှဇာတ်လမ်းပိုင်းကလဲအရမ်းကိုစိတ်ဝင်စားစရာကောင်းလှပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်ကတော့လူငယ်သတင်းထောက်လေးတင်တင်ကရှေ့မှာနာမည်ကြီးတဲ့သတင်းတွေအများကြီးကိုအဖြေရှာတင်ဆက်ပေးခဲ့တဲ့သူပဲဖြစ်ပါတယ်။ တစ်နေ့သူဈေးထဲမှာလျှောက်သွားနေတုန်းအရမ်းကိုလှပတဲ့လှေပုံတူလေးတစ်စီးကိုဝယ်ခဲ့ပါတယ်။ဒါပေမယ့်အိမ်ပြန်ရောက်ပြီးမကြာခင်မှာပဲ အဲ့ဒီလှေကိုအခိုးခံလိုက်ရတဲ့အပြင်အိမ်ကိုပါဖျက်ဆီးခံထားရပါတယ်။ဒီလိုနဲ့တင်တင်တစ်ယောက်အဲ့ဒီလှေအကြောင်းကိုပြန်စုံစမ်းရင်းနဲ့သာမန်လှေမဟုတ်ပဲအရမ်းကိုထူးခြားတဲ့လှေဖြစ်နေမှန်းသိသွားပါတော့တယ်။ဒါပေမယ့်အဲ့ဒါကိုသိနေတာတင်တင်တစ်ယောက်တည်းမဟုတ်ပဲသူ့လှေကိုခိုးခဲ့တဲ့လူဆိုးကပါသိနေတဲ့အခါမှာတော့တင်တင်အတွက်စွန့်စားခန်းတွေအများကြီးဖွင့်ဖို့ကြုံလာရတဲ့ပုံတွေကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်