5.8
8,379
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

4.7 GB

Credit

200

Greed (2019)

Comedy, Drama

Credits 200

England Brand အဝတ်အစားတွေရဲ့ လောကမှာဘုရင်တပါးလို့တင်စားရလောက်အောင် နာမည်ကြီးတဲ့သူတယောက်ဖြစ်တဲ့သူဌေး မက်ခရီဒီး တယောက် သူ့ရဲ့အသက် 60ပြည့် မွေးနေ့ကိုဂရိကျွန်းတခုပေါ်မှာ ကျင်းပဖို့ ကြိုးစားတဲ့အကြောင်းရိုက်ထားတာပါ။ သူ့ဘဝဇာတ်ကြောင်းကိုမူတည်ပြီး စီးပွားရေးလောကအကြောင်းကို ရိုက်ပြထားပါတယ်။သူကိုယ်တိုင်က အဝတ်အစားလောကမှာ ဘုရင်တဆူဖြစ်ပေမယ့်သူကိုယ်တိုင်ကတော့ အဝတ်အစားဆိုတာထက်အရောင်းအဝယ်ကိစ္စကိုသာ ဦးစားပေးတဲ့သူ။ အဓိကကတော့ သူက ဆွေးနွေးညှိနှိုင်းတာတွမှာ အလွန်တော်တဲ့သူ။ရောင်းမစွံတဲ့အဝတ်အထည်တွေကို အောက်ကြေးနဲ့ယူပြီးအမြတ်ရအောင် ဘယ်လိုပြန်ရောင်းတယ်ဆိုတာတွေ။ နောက်ပိုင်း သူကိုယ်တိုင် အဝတ်အထည်တွေ ထုတ်မယ်ဆိုတော့လုပ်အားခကို တွက်ပြီး သူတို့ထုံးစံအတိုင်း လုပ်အားခသက်သာတဲ့တတိယနိုင်ငံတွေမှာ အထည်တွေမှာယူတဲ့အကြောင်းတွေ။သူပိုင်တဲ့တံဆိပ်တွေကို ဘာလို့ ဒေဝါလီခံလိုက်တယ်ဆိုတာတွေ။ အခွန်တွေကို သူတို့လောကမှာ ဘယ်လိုရှောင်ကြတယ်ဆိုတာတွေကိုထည့်ရိုက်ပြသွားပါတယ်။အဓိကကတော့ လုပ်အားခေါင်းပုံဖြတ်မှုတွေဘယ်လောက်ဆိုးတယ်ဆိုတာကို ပိုပြီး ပြသွားတာပါ။ဇာတ်လမ်းကတော့ သူ့မွေးနေ့ကျင်းပမယ့်အချိန်ကစပြီးသူဒီနေရာကိုရောက်ဖို့ ဘယ်လိုလုပ်ခဲ့တယ် ဘယ်လိုရောက်လာခဲ့တယ်ဆိုတာကိုသူ့အကြောင်းရေးမယ့် စာရေးဆရာကနေ သူ့အနီးဝန်းကျင်ကမိဘဆွေမျိုးတွေ သားသမီးတွေ သူ့ဆီမှာ အလုပ်လုပ်တဲ့သူတွေကိုလိုက်မေးတဲ့ပုံစံနဲ့ တင်ဆက်ထားတာဖြစ်ပြီး ဇာတ်လမ်းကအနိမ့်အမြင့်အတက်အကျ မရှိတဲ့အတွက် အက်ရှင်ကားတွေ ကြိုက်တဲ့သူလျှို့ဝှက်သဲဖိုကားတွေလိုမျိုး မှုခင်းကားတွေပဲကြိုက်တဲ့သူတွေအတွက်တော့အဆင်ပြေမှာ မဟုတ်ပါဘူး။ဒါပေမယ့် စီးပွားရေးလောကအကြောင်းတွေ သူတို့ အရောင်းအဝယ်ကို ဘယ်လိုလုပ်တယ်။ သူတို့ကုန်ပစ္စည်းရဖို့ ဘယ်လိုလုပ်ကြတယ်ဆိုတာတွေကို ထည့်ပြသွားတဲ့ ဇာတ်ကားတကားပါ။အပြင်မှာရှိတဲ့ သူဌေးကြီးတယောက်အကြောင်းကို နည်းနည်းလေးကျောရိုးယူပြီးရိုက်ထားတယ်လို့ဆိုပါတယ်။ခံစားကြည့်ရှုလိုက်ကြပါအုံး။