ဒီ Mystery ကားကတော့ ကုန်ကျစရိတ်ထက် အမြတ်ငွေတွေ အများကြီးပိုရခဲ့တဲ့ စိတ်လှုပ်ရှားစရာအပြည့်နဲ့ ကြည့်ရမယ့်ကားဖြစ်ပါတယ်။ ငယ်ငယ်လေးတည်းက ကွဲနေပြီး တစ်ခါမှမမြင်ဖူးတဲ့ အဘိုးနဲ့အဘွားဆီ အလည်သွားတဲ့ မောင်နှမနှစ်ယောက် ကြုံခဲ့ရတဲ့ ခြောက်ခြားစရာဖြစ်ရပ်ကို ရိုက်ကူးထားတာပါ။ ဘက်ကာနဲ့ တိုင်လာတို့မောင်နှမက သူတို့အမေ ချစ်သူနဲ့ ခရီးထွက်နိုင်အောင် အဘိုးအဘွားတွေဆီ တစ်ပတ်သွားလည်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူတို့အမေက ဆယ်ကျော်သက်အရွယ်တည်းက မိဘတွေနဲ့ရန်ဖြစ်ပြီး အိမ်ကထွက်လာတာပါ။ မိသားစုတည်ထောင်ပြီးနောက် ဘက်ကာတို့အဖေကပါ ချစ်သူအသစ်ရပြီး သူတို့၃ယောက်ကို ထားခဲ့တဲ့အတွက် ကိုယ်စီစိတ်ဒဏ်ရာ ခံစားနေရတာပေါ့။
အဲ့အချိန်မှာပဲ သူတို့အဘိုးအဘွားတွေ ဆက်သွယ်လာတဲ့အတွက် သူတို့နေတဲ့သီးသန့်လယ်တောကို သွားလည်ခဲ့ကြပါတယ်။ အစပိုင်းမှာ အဆင်ပြေပြီး အဘိုးအဘွားတွေက သဘောကောင်းပေမယ့် တဖြည်းဖြည်းနဲ့ ထူးဆန်းတာတွေ လုပ်လာတဲ့အခါ...
မောင်နှမနှစ်ယောက်က မှတ်တမ်းရုပ်ရှင်လိုမျိုး ကင်မရာနဲ့ ပတ်ရိုက်ရင်း မူမမှန်တာတွေ တစ်ခုပြီးတစ်ခု တွေ့လာတဲ့အခါ....
သူတို့အဘိုးအဘွားတွေရဲ့သရုပ်မှန်က ဘာလဲ...အကြောင်းစုံသိသွားတဲ့မောင်နှမနှစ်ယောက် လွတ်မြောက်နိုင်မလားဆိုတာ ဆက်လက်အားပေးနိုင်ပါပြီ။
ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Shune Lai KK ဖြစ်ပါတယ်။