6.1
213
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2 GB

Credit

100

Happy Ghost 4 (1990)

Comedy, Fantasy, Horror

Credits 100

တစ်ချိန်ကဒိတ်ဒိတ်ကြဲနာမည်ကြီးခဲ့တဲ့ Happy Ghost ဆိုတဲ့တရုတ်ရုပ်ရှင်ရဲ့လေးကားမြောက်ကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးရဲ့အကျဉ်းချုပ်ကတော့ကွိုင်ဆိုတဲ့လူတစ်ယောက်ရဲ့အနားမှာသူ့ရဲ့အတိတ်ဘဝကသရဲကအမြဲတမ်းရှိနေပြီးသူ့ကိုအမြဲတမ်းကူညီပေးနေတတ်ပါတယ်။အဲ့ဒါကိုကွိုင်ကတော့သဘောမကျပါဘူး။ဒီလိုနဲ့ကွိုင်တစ်ယောက်အလုပ်လက်မဲ့ဘဝကနေသူ့ကောင်မလေးရဲ့အဖေရဲ့ကျောင်းမှာကျောင်းဆရာလုပ်ခွင့်ရခဲ့ပါတော့တယ်။ကွိုင်ရဲ့ကောင်မလေးကိုလိုက်ဖြတ်ခုတ်ချင်နေတဲ့သူဌေးသားတစ်ယောက်ကလဲရှိနေပြီးသူတို့ယောက်ျားနှစ်ဦးရဲ့အားပြိုင်မှုတွေကလဲရယ်စရာကောင်းလှပါတယ်။ဒီလိုနဲ့တစ်နေ့မှာကျောင်းသားတွေကမကောင်းဆိုးဝါးသရဲပူးကပ်နေတဲ့ဝတ်စုံကြီးကိုကျောင်းကိုပြန်ယူလာပြီးနောက်မှာမကောင်းဆိုးဝါးဝိဉာဉ်ကအသက်ပြန်ဝင်လာပြီးသူ့ကိုအတိတ်ဘဝမှာသတ်ခဲ့တဲ့ကောင်မလေးနဲ့တူနေတဲ့ကွိုင်ရဲ့ကောင်မလေးကိုသတ်ဖို့ကြိုးစားပါတော့တယ်။ဒီလိုနဲ့ကွိုင်တို့အဲ့ဒီမကောင်းဆိုးဝါးကိုအနိုင်ယူနိုင်ပါ့မလားဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ဇာတ်ကားဟောင်းဆိုပေမဲ့ Happy Ghost ရုပ်ရှင်တွေကမနားတမ်းရယ်မောနေရအောင်ကိုကြည့်လို့ကောင်းတဲ့အတွက်ဟာသကားကြည့်ချင်သူတွေအတွက်ဆိုရင်တော့သင့်တော်မဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Eazy ဖြစ်ပါတယ်