5.4
1,095
...

Video Quality

Blu-ray 1080p

Audio Quality

AC3 5.1

File Size

2.4 GB

Credit

100

Bounty Hunters (2016)

Action, Comedy, Romance

Credits 100

March 20 Movies Request တုန်းက ဘာသာပြန်ပီးတင်ပေးဖို တောင်းဆိုထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Bounty Hunters လေးကို Blu-ray 1080p Quality နဲ့တင်ပေးလိုက်ပါပီ တရုတ်နဲ့တောင်ကိုရီးယား ပူးပေါင်းရိုက်ကူးထားတဲ့ "Bounty Hunters"ဆိုတဲ့ ဟာသအက်ရှင်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ၂၀၁၆ခုနှစ်မှာ ထွက်ရှိထားတာဖြစ်ပြီး Main castတွေကတော့ Korean Actor (Lee Min-ho)နဲ့ Chinese Actress(Tiffany Tang) တို့ပဲဖြစ်ပါတယ်။ Castတွေနဲ့တင် ကြည့်မိလို့နောင်တမရမဲ့ ဇာတ်ကားတစ်ကားဖြစ်မှာပါ။ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်ခဲ့ဖူးတဲ့ San နဲ့ Yo ဟာ မစ်ရှင်တစ်ခုမအောင်မြင်ခဲ့တာကြောင့် အလုပ်ထုတ်ခံလိုက်ရပြီးနောက်မှာ လုံခြုံရေးဝန်ဆောင်မှုပေးသူတွေအဖြစ် ဆက်လက်လုပ်ကိုင်နေကြပါတယ်။ တစ်ရက် ဗုံးခွဲအကြမ်းဖက်မှုရဲ့သတင်းပေးတစ်ယောက်ကို လုံခြုံရေးဝန်ဆောင်မှုပေးဖို့ ကိုရီးယားကို သူတို့ရောက်လာကြပါတယ်။ ဖြစ်ချင်တော့ သက်တော်စောင့်အဖြစ်ကနေ ဗုံးခွဲသံသယရှိသူတွေအဖြစ်ရောက်ရှိသွားကြတယ်။ တစ်ဖက်မှာလည်း Kat ဦးဆောင်တဲ့ကြေးစားသုံးယောက်အဖွဲ့ကလည်း အကြမ်းဖက်တရားခံကိုလိုက်ရှာရာကနေ သံသယရှိသူစာရင်းထဲပါသွားကြပါတယ်။ မတရားအပြစ်ပုံချခံလိုက်ရတဲ့ သူတို့နှစ်ဖွဲ့ ပူးပေါင်းလိုက်တဲ့နောက် ဗုံးခွဲတိုက်ခိုက်နေတဲ့တရားခံကိုဖော်ထုတ်နိုင်ပြီး သူတို့ရဲ့မတရားခံရမှုကို ရှင်းလင်းနိုင်ပါ့မလား... ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်တင်ဆက်သူကတော့ Ei Thinzar Nyein ဖြစ်ပါတယ်။