7.9
1,261,488
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

5.4 GB

Credit

0

Titanic (1997)

Drama, Romance

Credits 0

ဒီဇာတ်ကားက မသိတဲ့လူမရှိသလောက်မို့ Movie Review ကိုမရေးတော့ဘဲ ထူးခြားချက်လေးတွေကိုသာ ဗဟုသုတအလို့ငှာ တင်ဆက်လိုက်ပါတယ်။ Titanic ဇာတ်ကားမှ ထူးခြားအချက်အလက်များ -ဇာတ်ကားထုတ်လုပ်သူ 20th Century Fox နဲ့ Paramount Pictures တို့က မင်းသားနေရာမှာ Matthew McConaughey ကို သရုပ်ဆောင်စေချင်ပေမယ့် ဒါရိုက်တာ James Cameron က Leonardo DiCaprio ကိုပဲ ဇွတ်ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ -ဇာတ်ကားထဲမှာ အဖြစ်အပျက်အစအဆုံးကို ပြန်ပြောပြသူအဖြစ် သရုပ်ဆောင်ခဲ့တဲ့ အဘွားအို Gloria Stuart ဟာ သင်္ဘောမြုပ်တာကို ကိုယ်တွေ့ကြုံခဲ့သူပါ။ -Titanic သင်္ဘောကို တည်ဆောက်ခဲ့စဉ်က $7.5 million ကုန်ကျခဲ့ပါတယ်။ ၁၉၉၇ ခုနှစ်က ငွေကြေးနဲ့တွက်ရင် $150 million လောက်ကုန်ခဲ့တာပါ။ ဇာတ်ကားရိုက်ဖို့အတွက် ပြန်ဆောက်တဲ့သင်္ဘောဟာ $200 million ကုန်ပါတယ်။ -သင်္ဘောမြုပ်တဲ့အခန်းမှာ Kate Winslet ဝတ်ခဲ့တဲ့ကုတ်ဟာ ဆိုဒ်နံပါတ် ၈ ပါ။ ကျန်တဲ့အခန်းတွေမှာ သူဟာ ဆိုဒ်နံပါတ် ၄ ကိုပဲဝတ်ခဲ့တာပါ။ ဒီလိုလုပ်တာဟာ သင်္ဘောမြုပ်ချိန်မှာ သူ့ကို ပိုမြင့်မြတ်တဲ့သူတစ်ယောက်အဖြစ် မြင်စေချင်လို့ပါ။ (ကျွန်တော်ထင်ပါတယ်။ ဒါလည်း James Cameron ရဲ့ idea ပဲနေမှာပါ) -Leonardo ရဲ့ရှေ့မှာ ကိုယ်တီးလုံးနဲ့နေပြရမယ့် အခန်းပါတယ်ဆိုတော့ မင်းသမီး Kate Winslet ဟာ သူတို့နှစ်ယောက်စစတွေ့ချင်းမှာပဲ ရင်းနှီးနေအောင် လုပ်ထားလိုက်ပါတယ်။ -ပန်းချီဆွဲတဲ့အခန်းမှာ Leonardo ပြောရမယ့် Dialogue ဟာ “Lie on that couch” ဖြစ်ပါတယ်။ ဒါပေမယ့် ယောင်ယောင်ယမ်းယမ်းနဲ့ ပြောထွက်သွားတာက “Lie on that bed, uh...I mean couch” လို့ဖြစ်ပါတယ်။ James Cameron က သဘောကျသွားတဲ့အတွက် အဲဒီအမှားအတိုင်းပဲထားလိုက်ပါတယ်။ ပြန်မရိုက်တော့ပါဘူး။ -အင်ဂျင်ခန်းထဲမှာ သရုပ်ဆောင်တဲ့ စတန့်မင်းသားဟာ အရပ် ၅ပေ ပဲရှိပါတယ်။ အင်ဂျင်ကို ပိုကြီးသယောင်မြင်စေချင်လို့ သူ့ကိုရွေးထားတာပါ။ -သင်္ဘောထဲကို ရေထဲဒလဟော ဝင်လာပြီး ပရိဘောဂတွေ ပျက်စီးကုန်တဲ့အခန်းကို တစ်ကြိမ်ပဲရိုက်ကူးခွင့် ရှိခဲ့တာပါ။ ဘာဖြစ်လို့လဲဆိုတော့ ဇာတ်ကားပိုပြီးအသက်ဝင်အောင် ပရိဘောဂတွေကို တကယ်ဖျက်ဆီးပစ်မှာမို့ပါ။ -ဒါရိုက်တာ ဂျိမ်းစ်ကင်မရွန်းဟာ ဇာတ်ကားရိုက်ကူးရာမှာ အင်မတန်ကြိုးစားခဲ့တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သင်္ဘောမြုပ်တဲ့အခန်းတစ်ခန်းတည်းကို ရိုက်ဖို့အတွက် သူအားထုတ်ခဲ့တဲ့အချိန်စုစုပေါင်းဟာ ဇာတ်ကားထဲမှာ ခရီးသည်နေရာကနေ ပါဝင်သရုပ်ဆောင်တဲ့သူအားလုံးရဲ့ ဇာတ်ကားအတွက်အားထုတ်ချိန်စုစုပေါင်းထက် သာနေပါတယ်။ ဒါတွေကိုဖတ်ပြီးသွားရင် ဒီရုပ်ရှင် အောင်မြင်ရတဲ့အကြောင်းရင်းကို အနည်းငယ်လောက်တော့ နားလည်သွားကြမှာပါ။