6.6
4,903
...

Video Quality

Blu-ray 1080p

Audio Quality

E-AC3 5.1

File Size

2.9 GB

Credit

100

Unstoppable (2018)

Action, Crime, Thriller

Credits 100

ဒီကားလေးကတော့ The Outlaws, Round Up, Train to Busan အစရှိတဲ့ ရုပ်ရှင်တွေနဲ့ လူသိများတဲ့ ဖိုက်တာကြီး မာဒုံဆော့ရဲ့ ၂၀၁၈တုန်းက ထွက်ရှိခဲ့တဲ့ အက်ရှင်မှုခင်း ဇာတ်ကားလေးပါ။ ဂန်ဒုံချော (မာဒုံဆော့) နဲ့ ဂျီဆူး (ဆုန်ဂျီဟို) တို့ဟာ အေးအေးချမ်းချမ်းနဲ့ သာမန်ဘဝလေးကို ဖြတ်သန်းနေကြတဲ့ ဇနီးမောင်နှံပါ။ ဒုံချောဟာ တစ်ချိန်က လူမိုက်ဖြစ်ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ ဘဝကို ကြိုးကြိုးစားစား ဖြတ်သန်းနေတာပါ။ ဒါပေမဲ့ ဒုံချောရဲ့ အယုံလွယ်မှုကြောင့် စီးပွားရေးလုပ်ရာမှာ အလိမ်ခံရပြီး သူတို့လင်မယားနှစ်ယောက်မှာ အကြွေးတွေဝိုင်းနေပါတယ်။ ဒီလိုနဲ့ ဂျီဆူးရဲ့ မွေးနေ့မှာ လင်မယားနှစ်ယောက် စကားများကြပြီး ဒုံချော အိမ်ပြန်ရောက်လာချိန်မှာ တစ်အိမ်လုံး ရှုပ်ပွနေပြီးတော့ သူ့ဇနီးဖြစ်သူကလည်း ပျောက်ဆုံးနေခဲ့ပါတယ်။ ဇနီးဖြစ်သူကိုရှာဖို့ ခေါင်းမီးတောက်နေချိန်မှာပဲ လူတစ်ယောက် သူ့ဆီဖုန်းဆက်လာပြီး ဇနီးဖြစ်သူကို ငွေနဲ့ဝယ်ယူဖို့ ကမ်းလှမ်းလာခဲ့တယ်။ ဒုံချောတစ်ယောက် ဇနီးဖြစ်သူကို ကယ်တင်ဖို့ ကြိုးစားရင်း ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရမယ်ဆိုတာကို Unstoppable ဆိုတဲ့ ဇာတ်လမ်းလေးမှာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုခံစားနိုင်ပါပြီ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ JuneRose ဖြစ်ပါတယ်