6.2
39,458
...

Video Quality

Blu-ray 1080p

Audio Quality

DTS 5.1

File Size

2.8 GB

Credit

200

Synchronic (2019)

Drama, Horror, Mystery

Credits 200

November 2020 မှာထွက်ရှိထားတဲ့ Drama, Horror, Sci-Fi ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ စတိဗ်နဲ့ ဒန်းနစ်စ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ ဆေးဘက်အကူ၀န်ထမ်းတွေပဲဖြစ်ပါတယ်။ တစ်နေ့ သူတို့သွားရောက်ကူညီရတဲ့ နေရာတိုင်းမှာ ဒဏ်ရာရသူတွေ သာမန်မဟုတ်ဘဲ ထူးဆန်းတဲ့အခြေအနေတွေနဲ့ သေဆုံးသူဆိုရင်လည်း ထူးဆန်းတဲ့ လက္ခဏာတွေနဲ့ သေဆုံးနေတာကို ကြုံလာရပါတော့တယ်။ သေသေချာချာစုံစမ်းပြီးတဲ့ နောက်မှာ ဒီလိုဖြစ်ရပ်တွေဟာ synchronic ဆိုတဲ့ ဆေးတစ်မျိုးကြောင့်ဖြစ်တာကို သိရှိလိုက်ရပါတယ်။ ဒီကိစ္စကို လိုက်လံဖြေရှင်းနေရင်းမှ ဒန်းနစ်စ်ရဲ့ သမီးဖြစ်သူကပါ ဒီဆေးသုံးမိပြီး ပျောက်ဆုံးသွားပါတော့တယ် ………synchronic ဆိုတဲ့ ဆေးဟာ ဘယ်လိုဆေးမျိုးလဲ ဒီဆေးသုံးတဲ့သူတိုင်း ဘာကြောင့် ဒီလိုတွေဖြစ်ကုန်ကြတာလဲ ဆိုတာကို စိတ်ဝင်တစားနဲ့ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးပါ။ဒီဇာတ်ကားမှာ မင်းသား Jamie Dornan နဲ့ Anthony Mackie တို့က ဒန်းနစ်စ်နဲ့ စတိဗ်အဖြစ်သရုပ်ဆောင်ထားပြီး တကယ်ကို စိတ်၀င်စားဖို့ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ လက်မလွှတ်တမ်းကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ။ ဒီဇာတ်ကားကိုဘာသာပြန်ပေးသူကတော့ WinSu LeiMyat ဖြစ်ပါတယ်